ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ကန့်ကွက်လွှာတင်ထားသည့်အမှုတွင် ရွေးကောက်တင်မြှောက် ခံရခြင်း ပျက်ပြယ်ခြင်း မရှိကြောင်း ကော်မရှင်ဆုံးဖြတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်အား ကန့်ကွက် လွှာတင်ထားသည့်အမှုတွင် လျှောက်ထားခံရသူ ဦးဝင်းနိုင်သည် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ် ခြင်းမရှိကြောင်း ကော်မရှင်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။ (more…)


Read more

အစိုးရက နာဂ၊ ပလောင်၊ ကိုးကန့်၊ AA အဖွဲ့များနှင့် ယခုလအတွင်း အပြီးသတ်တွေ့မည်

နာဂ၊ ပလောင်၊ ကိုး ကန့်၊ AA အဖွဲ့များနှင့် ဇွန်လအတွင်း အပြီးသတ်တွေ့ဆုံကာ ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ အစိုးရကရှင်းလင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


Read more

၂၀၁၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်များကို သြဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည်

၂၀၁၆ ခုနှစ် တက္က သိုလ်ဝင်တန်းအောင်ကျောင်း သား၊ ကျောင်း သူများအတွက် တက္ကသိုလ်ဝင်ခွင့်များကို သြဂုတ်လ ဆန်းဝန်းကျင်တွင် စတင်ခေါ် ယူမည် ဖြစ်ကြောင်း သိရသည်။ (more…)


Read more

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ခွဲစိတ်ကုသမှုခံယူမည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများအား တွေ့ဆုံအားပေး ထောက်ပံ့လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့် စက္ခု ပါလာဒိအဖွဲ့များ ပြည်ခိုင်ဖြိုး ပါတီဝင်များသည် ဇွန်လ (၂၀) ရက် နံနက် (၁၀) နာရီခွဲအချိန်က ဟင်္သာတခရိုင် ဆေးရုံကြီးသို့ သွားရောက်၍ ခွဲစိတ်ကုသခံ ယူမည့် ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကန်ကြီးဒေါင့်မြို့နယ်များမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများ အား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ အစားအသောက်များနှင့် လှူငွေများ ထောက်ပံ့လှူဒါန်းခဲ့သည်။

13508959_791371200997374_3526016348499080606_n 13510826_791371010997393_5902384971579774799_n

(more…)


Read more

ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ရှမ်းပြည်နယ်(တောင်/မြောက်)ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် ပါတီဗဟိုကော်မတီဝင် များနှင့်အတူ ယခုလ (၁၇) ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်ရုံးခန်းမတွင် ပါတီဝင်များနှင့် တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အမှာစကားပြောကြားရာတွင် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများ၊ ပြည်တွင်းစီးပွားရေး တစ်ဦးချင်းဝင်ငွေမှ လူတန်းစားအလွှာအသီးသီး၏ စီးပွားရေး တိုးတက်ရေးဆောင်ရွက်မှုအခြေအနေများ၊ ထင်သာမြင်သာရှိသော လမ်းပန်း ဆက်သွယ်ရေးကိစ္စများ၊ ဆက်သွယ်ရေးကိစ္စရပ်များကို အကျယ်တဝင့် လမ်းညွှန် မှာကြားသည်။

Read more

နတ်တလင်းပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၀) ရက် နံနက် (၉) နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပရာ တိုင်းပါတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းနှင့် တိုင်းပါတီကော်မတီဝင်များ သာယာဝတီခရိုင် အတွင်းရေးမှူး နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၈၂) အုပ်စုမှ ပါတီကေဒါများ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်းများ၊ ဖိတ်ကြားထားသော မြို့မိမြို့ဖများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

13512171_397412053767261_8838246402721585467_n

(more…)


Read more

စစ်တွေခရိုင်ပြည်ခိုင်ဖြိုး စာသင်ကျောင်းသားများအတွက် မီးစက်လှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇွန်လ (၁၈) ရက် နေ့လည် (၁) နာရီအချိန်က စစ်တွေမြို့ ရွာသာယာကျေးရွာ ရှိ ဦးကေသာရကျောင်းတိုက်၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား (၄၂) ဦး စာဖတ်ချိန်များတွင် မီးအခက်အခဲမရှိစေရေးအတွက် ငွေကျပ် ၂၁၀၀၀၀ တန်ဖိုးရှိ မီးစက်တစ်လုံး သွားရောက်လှူဒါန်းခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျောက်တံတားတွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက် တံတားမြို့နယ်ရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကပြုလုပ်သော မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၉) ရက်နေ့ မွန်းလွဲ (၃) နာရီက ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ရှိ Hotel K Yangon ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမင်းသိမ်း၊ ဦးတင်ဝင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရေးမှူး ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင် များတက်ရောက် ကြပြီး မြို့နယ် အတွင်းရှိ ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း ထူးချွန်သူ ခြောက်ဘာသာ၊ ငါးဘာသာဂုဏ်ထူး ရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ခဲ့ကြသည်။

Read more

အုပ်စုမှ လှည့်ပြန်ခဲ့ရ၍ ရုရှားနည်းပြ နုတ်ထွက်ခွင့်တောင်း

Russia-coach-Reuters

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် နုတ်ထွက်ခွင့်ပြုဖို့ ရုရှားဘောလုံးအသင်းနည်းပြ လီယိုနစ် ဆတ်စကီက တောင်းခံခဲ့ပါတယ်။

အုပ်စုဘီ နောက်ဆုံးပွဲမှာ ဝေးလ်စ်အသင်းကို ၃ ဂိုး ဂိုးမရှိ၊ အင်္ဂလန်နဲ့ ၁ ဂိုးစီသရေ၊ ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရုရှားဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် နုတ်ထွက်ဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းမှာ ရေးပါတယ်။

Read more

မြန်အောင်မြို့နယ်ရှိရေကြီးနစ်မြုပ်ဒေသများသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန်များသွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ယခုလ ၁ဝရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ပျိုးခင်းများရေမြုပ်ခြင်း၊ စပါးကြဲခင်းများ ရေနစ်မြုပ်ခြင်းနှင့် အချို့အနိမ့်ပိုင်းတွင်ရှိသောရွာများပါ ရေနစ်မြုပ်ခဲ့ပြီး ယနေ့အထိ ရေပြန်ကျခြင်းမရှိဘဲ ရေများဆက်လက်တိုးလျက်ရှိနေကြောင်း ကျွဲတဲကုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းဌေးအောင်က ပြော သည်။ ရွာများနစ်မြုပ်မှုအဆိုးဆုံးနေရာများမှာ ကျွဲတဲကုန်းအုပ်စုမှ ဒေါင့် ကြီးကျေးရွာနှင့်ရေကူးစုရွာ၊ လေးတူးအုပ်စုမှ လေးတူးရွာတို့ဖြစ်ကြောင်း မြန်အောင်ပြည်ခိုင်ဖြိုးပါတီမှ ကနောင်တိုက်နယ်တာဝန်ခံ ဦးအောင်မျိုး ဦးက ပြောသည်။

Read more