မက်ဆီသည် အတားအဆီးဖြစ်သော်လည်း အမေရိကန်ဖလားရနိုင်ဟု ကလင်းစမန်း ပြောကြား

အိမ်ရှင်အမေရိကန် အသင်း ကိုပါအမေရိကဖလားတွင် အနိုင်ရရှိရေးအိပ်မက်အတွက် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အတားအဆီးတစ်ခု ဖြစ်နေသော်လည်း အာဂျင်တီးနားကို အနိုင်ယူကာ ရာပြည့်ဖလား ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်အသင်း နည်းပြ ဂျာဂန်ကလင်းစမန်းက ပြောသည်။
‘‘ကျွန်တော်တို့ အမေရိကန်အသင်း ကိုပါအမေရိကဖလားမရ နိုင်စရာအကြောင်းလုံးဝမရှိဘူး။ ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘယ်သူနဲ့ပဲ ကစား၊ ကစားနိုင်ဖို့ ရာခိုင်နှုန်းထက်ဝက် စီရှိပါတယ်’’ဟု ကလင်းစမန်းက ပြောသည်။
Read more













