ရာမို့စ်၏ ပယ်နယ်တီကို ဂိုးသမားဆူဘာဆစ် ကာကွယ်နိုင်ရန် မိုဒရစ် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်

စပိန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ခြင်းမရှိဘဲ အရံခုံထိုင်နေခဲ့ရသည့် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်သည် စပိန်အသင်းမှ ရာမို့စ်၏ ပယ်နယ်တီကို ကာကွယ်နိုင်ရန် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
ယင်းပွဲ၌ ပွဲချိန်မိနစ်(၇၀)ကျော်တွင် စပိန်အသင်းက ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်နောက်ခံလူရာမို့စ် ကန်သွင်းရန် ပြင်ဆင်နေချိန်၌ ခရိုအေးရှား အသင်းခေါင်းဆောင် ဆာနာက မိုဒရစ်ထံ ပြေးသွား၍ အကြံပြုချက် ရယူခဲ့ပြီး ဂိုးသမားဆူဘာဆစ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Read more


















