Author: USDP 2016
မုဒုံပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအလေးပြုခဲ့ကြသည်။

မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ယခုလ ၁၆ ရက် နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ မကွေးခရိုင်ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကော်မတီများ၊ မကွေးခရိုင်အတွင်းရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မကွေးခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့် ရသည့် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ရာနှုန်းပြည့် ၅ဝ ခန့် တက်ရောက်ကြသည်။

Read more
အိုလံပစ်ပြိုင်ပွဲဝင်မည့် မက္ကဆီကို အားကစားသမားများကို ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေး ဝေငှ

အိုလံပစ်ပြိုင်ပွဲဝင်ကြမယ့် မက္ကဆီကို အားကစားသမားတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ် ကာကွယ်ရေး ဆေးပစ္စည်းတွေကို ဝေငှပေးထားပါတယ်။
ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ဒေသမှာ ဒီနှစ်ဆန်းပိုင်းက ကူးစက်ပျံ့နှံ့ခဲ့လို့ တချို့ ဆရာဝန်တွေနဲ့ အိုလံပစ်ပွဲသွားချင်တဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။
ဖေဖော်ဝါရီလမှာ တပတ်အတွင်း ရောဂါကူးစက်သူ တသောင်းခြောက်ထောင်အထိ ရှိခဲ့လို့ ရောဂါအခြေအနေက အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ပါတယ်။
Read more၂၀၁၅-၁၆ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ဂရစ်ဇ်မန်းနှင့် ရော်နယ်လ်ဒိုတို့ ပါဝင်

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင် (၁၀) ဦး စာရင်းကို ယူအီးအက်ဖ်အေ က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ယူအီးအက်ဖ်အေ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံများမှ အားကစား ဂျာနယ်လစ်များရဲ့ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ပါတယ်။ ယခု ဆန်ခါတင် (၁၀) ဦး စာရင်းကို ပဏာမ (၃၇) ဦးစာရင်းမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး (၃) ဦး စာရင်းကို သြဂုတ်လ (၅) ရက်နေ့ ထပ်မံ ရွေးချယ် ကြေညာသွားမှာ ဖြစ်ပါတယ်။
Read moreဆွီဒင်နိုင်ငံသား ဟန်နရစ်စတန်ဆင် အိုးပင်း ၂၀၁၆ ချန်ပီယံဖြစ်လာ

ဗြိတိန်နိုင်ငံ ရွိုင်ယမ်သရွန်းဂေါက်ကွင်း၌ ကျင်းပ ခဲ့သော The Open 2016 ဗိုလ်လု ပွဲတွင် ဆွီဒင်နိုင်ငံသား ဟန်းနရစ် စတန်ဆင်က မိုက်ကယ်ဆင်ကို အချက် ၂၀ လျှော့ရိုက်ပြီး ပထမဆုံးအဓိကချန်ပီယံဆု ရရှိခဲ့သည်။
စတန်ဆင်သည် စံချိန်တင် ရိုက်ချက်အဖြစ် အချက် ၂၀ လျှော့ရိုက်ပြီး သုံးချက်အသာဖြင့် Open ချန်ပီယံ ဖြစ်လာပြီးနောက် မိုက်ကယ်ဆင်ကြောင့် မိမိအနိုင်ရရန် တွန်းအားဖြစ်စေခဲ့သည်ဟု ပြောသည်။
Read moreယူရိုဘောလုံးပြိုင်ပွဲတွင် တရားမ၀င် လောင်းကစားမှု၌ ပါဝင်သူ ၄,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့
ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၁၆ ပြိုင် ပွဲ၌ တရားမ၀င် လောင်းကစားမှု များတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်သူ ၄,၁၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်။ ပေါင် သန်း ၅၀၀ အထိ တန် ဖိုးရှိသော တရားမ၀င် လောင်း ကစားမှုများကို တိုက်ဖျက်သည့် စစ်ဆင်ရေးအတွင်း တရုတ်၊ ပြင် သစ်၊ ဂရိ၊ အီတလီ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် စီးနင်းမှုအကြိမ်ရေ ၄,၀၀၀ ခန့် ပြုလုပ်ကာ လူပေါင်း ၄,၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
Read moreထိုင်းကြက်တောင်ရိုက်ချန်ပီယံကို တားမြစ်ဆေးသုံးစွဲမှုဖြင့် အရေးယူထားမှု ရုပ်သိမ်း

ထိုင်းနိုင်ငံက ကြက်တောင်ရိုက်ချန်ပီယံ Ratchanok Intanon ကို တားမြစ်ဆေးသုံးစွဲမှုနဲ့ အပြစ်ပေးထားတာကို ရုပ်သိမ်းလိုက်ပြီလို့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် အသက် ၂၁ နှစ်အရွယ် Ratchanok ဟာ ဘရာဇီးအိုလံပစ်မှာ ၀င်ပြိုင်နိုင်ဖို့ လမ်းပွင့်သွားပါပြီ။
Read moreဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပျောက်ဆုံးနေသူ ၂၆၁ ဦးက အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်သွားဖွယ်ရှိဟု စိုးရိမ်နေ

ဒါကာ၊ ဇူလိုင် ၂၀
အစိုးရက ဇူလိုင် ၂၀ အစောပိုင်းတွင် တရားဝင်ထုတ်ပြန်ကြေညာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့ ပျောက်ဆုံးနေသူ အနည်းဆုံး ၂၆၁ ဦး ရှိသည်ဆိုရာတွင် အများစုက အရှေ့အလယ်ပိုင်းရှိ အစ္စလာမ်အစွန်းရောက်အဖွဲ့များ သို့မဟုတ် အိုင်အက်စ်အဖွဲ့တို့နှင့် သွားရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု စိုးရိမ်မှုများ ဖြစ်ပွားစေသည်။
Read moreတူရကီအာဏာသိမ်းမှုအား ဖြိုခွင်းရာ ရာထူးထုတ်ပယ်ဆိုင်းငံ့ခြင်းများ လေးသောင်းခွဲကျော်ရှိ

အန်ကာရာ၊ ဇူလိုင် ၂၀
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော အရေးနိမ့်ခဲ့သည့် အာဏာသိမ်းရန်ကြံစည်မှုနှင့် ပတ်သက်ပြီး အစိုးရက ဖြိုခွင်းလျက်ရှိရာတွင် လူပေါင်း လေးသောင်းခွဲကျော် ကို ရာထူးထုတ်ပယ်ဆိုင်းငံ့ခြင်းများ လုပ်ဆောင်ခဲ့သည်။
Read more












