အိမ်မဲပြည်ခိုင်ဖြိုးပါတီမှ သဲအင်းဂူတောရကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၆ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီရုံးအပေါ်ထပ်တွင် သဲအင်းဂူဆရာတော် ဦးဥတ္တမသာရ အမှူးပြုသော ပင့်သံဃာ အရှင်သူမြတ်တို့ထံတွင် ငါးပါးသီလ နှင့် ပရိတ်တရားတော်များအား နာယူ၍ ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း တို့အား ဆပ်ကပ် လှူဒါန်း ပူဇော်ခဲ့ကြသည်။

Read more

















