ချင်းပြည်နယ် မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (အထက်မြန်မာပြည် ပြန်လည်ရွေး ချယ်ဖွဲ့စည်းရေးတာဝန်ခံ) သူရ ဦးအေးမြင့်သည် ယမန်နေ့နံနက် ၈ နာရီက ချင်းပြည်နယ်မြို့တော် ဟားခါးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမကြီး၌ကျင်းပသည့် ချင်းပြည် နယ် မျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်ကာ အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ပါတီ ၏ ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်း များကိုကြီးကြပ်ဆောင်ရွက်သည်။
အထက်ပါ ချင်းပြည်နယ် မျက်နှာစုံညီအစည်းအဝေးသို့ ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးဟုန်းငိုင်းနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပါတီနာယကအဖွဲ့ဝင်များ၊ပါတီရွေး ချယ်တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဟားခါးခရိုင်၊ ဖလမ်း ခရိုင်နှင့် မင်းတပ်ခရိုင်တို့မှ ပါတီ ဥက္ကဋ္ဌများနှင့်ဖိတ်ကြားထားသူများ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ပေါင်း ကိုးမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌ များနှင့် ဖိတ်ကြားထားသူများ စုစု ပေါင်းအင်အား ၅ဝ ကျော် တက် ရောက်ကြသည်။

Read more

အင်္ဂလန်အသင်း တိုးတက်အောင် ဆမ်အလာဒိုက် လုပ်ပေးနိုင်ဟု အာစင်ဝင်းဂါး ပြော

ArseneWengerSamAllardyce-Getty

အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်ဟာ အင်္ဂလန်အသင်းကို ခြေစွမ်းတိုးတက်လာအောင် လုပ်ပေးနိုင်မယ့်နည်းပြ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းနည်းပြအဖြစ် လျာထားစာရင်းမှာ ပါဝင်ခဲ့တဲ့ အာစင်ဝင်းဂါးက ဆမ်အလာဒိုက်ဟာ အင်္ဂလန်နည်းပြ အဖြစ် သင့်တော်တဲ့သူလို့ ပြောကြားလိုက်တာပါ။

အင်္ဂလန်အသင်းမှာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး အတွေ့အကြုံပိုင်း အားနည်းမှုတချို့ ရှိပေမယ့် လက်ရှိ ကစားသမားအစုအဖွဲ့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်မယ်လို့လည်း အာစင်ဝင်းဂါးက သုံးသပ်ပါတယ်။

Read more

မန်ယူကို အခြားအသင်းများက ကြောက်ရအောင် မော်ရင်ဟို စွမ်းဆောင်နိုင်မည်ဟု ဘက်ခမ်း ပြောကြား

davidbeckham-cropped_1qthjv80pmw0v1nvufbevswuz9

နည်းပြင်သစ် မော်ရင်ဟို က မန်ယူကို အခြားအသင်းများက ကြောက်ရသည့်အသင်း ပြန်ဖြစ်လာအောင် လုပ်ပေးနိုင်မည်ဟု အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။ မန်ယူသည် ၂၀၁၃ က နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား ကို စိန်ခေါ်နိုင်ခြင်း မရှိဖြစ်နေပြီး ဖာဂူဆန်၏ နေရာဆက်ခံသော ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ကလည်း ယင်းအခြေအနေကို မပြောင်းလဲနိုင်ဖြစ်ခဲ့သည်။

Read more

ဟိုတယ်သူဋ္ဌေးဖြစ်လာတဲ့ စီရော်နယ်ဒို

C-Ronaldo_0

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒိုဟာ အခုဆိုရင် ဘောလုံးသမားအဖြစ်သာမကဘဲ ဟိုတယ်သူဋ္ဌေး လည်း ဖြစ်လာခဲ့ပါပြီ။ သူရဲ့ဟိုတယ်လေးခုထဲက ပထမဆုံးဟိုတယ်ရဲ့ ဖွင့်ပွဲကိုမနေ့က ပြုလုပ်ခဲ့ရာမှာ စီရော်နယ်ဒို လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီဟိုတယ်ကတော့ သူ့ရဲ့မွေးရပ်မြေ မဒီရာကျွန်းမှာ တည်ဆောက်ထားတာဖြစ်ပြီး ပက်စ်တာနာဟိုတယ်အုပ်စုနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Read more

အင်္ဂလန်နည်းပြအဖြစ် အလာဒိုက်စ်ခန့်အပ်ခံရ , ဆန်းဒါးလန်းက မိုယက်စ်အား နည်းပြခန့်

1496496

ယူရို ၂၀၁၆ ပြိုင်ပွဲအပြီး ရွိုင်းဟော့ဆန်နုတ်ထွက်သွားပြီး နောက် အင်္ဂလန်နည်းပြအဖြစ် ဆမ်အလာဒိုက်စ်ကို ခန့်အပ် လိုက်ကြောင်း အက်ဖ်အေက အတည်ပြု ကြေညာသည်။

အင်္ဂလန်အသင်း အိုက်စ လန်ကို ရှုံး၍ ယူရို ၂၀၁၆ မှ ထွက် ခဲ့ရစဉ် ရွိုင်းဟော့ဆန်နုတ်ထွက် သွားပြီးနောက် အလာဒိုက်စ် (၆၁)နှစ်သည် စတိဗ်ဘရုစ်နှင့် ကလင်းစမန်းတို့ကို ကျော်၍ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ခံရသည်။

Read more

နယူးကာဆယ်မှ ၀စ်နယ်လ်ဒမ်ကို လီဗာပူးခေါ်ယူ ဟီဂူအင် ဂျူဗင်တပ်နှင့် လေးနှစ်စာချုပ်ချုပ်

Sports_6

လီဗာပူးအသင်းက နယူးကာဆယ်မှ နယ်သာလန်ကွင်း လယ်လူ ၀စ်နယ်လ်ဒမ်ကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူလိုက် သည်။ လီဗာပူးနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုပြီးနောက် ၀စ်နယ်လ်ဒမ် သည် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော လီဗာပူးအ သင်းဖော်များနှင့် ပူးပေါင်းရန် ကယ်လီဖိုးနီးယားသို့ သွားရောက် မည်ဖြစ်သည်။

ဝစ်နယ်လ်ဒမ်သည် ယခုရာ သီတွင် မန်နေဂျာ ဂျာဂန်က လော့ပ်အသစ်ခေါ်ယူသော ခုနစ်ဦးမြောက်ကစားသမား ဖြစ်သည်။

Read more

တောင်တရုတ်ပင်လယ်အရေး အာဆီယံသဘောထားကွဲလွဲဆဲဖြစ်

asean

အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားတူမျှမှု မရရှိနိုင်သေးသောကြောင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ကာ ဘုံသဘောထားတစ်ရပ် ရရှိရေးအတွက် အာဆီယံအဖွဲ့ကြီး အနေဖြင့် ကြိုးပမ်းနေရဆဲ ဖြစ်သည်။

တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုအရေးတွင် တရုတ်နှင့် အငြင်းပွားနေသော ဖိလစ်ပိုင်နိုင်ငံအား နိုင်ငံတကာ တရားရုံးက အနိုင်ပေးလိုက်ပြီးနောက် ယင်းစီရင်ချက်နှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီး အနေဖြင့် ဘုံသဘောထား ထုတ်ပြန်နိုင်ရေး သဘောတူမျှမှု မရဘဲ ကြိုးစားနေရခြင်းဖြစ်သည်။

Read more

ဂျာမနီမြို့လယ်ခေါင်တွင် ပေါက်ကွဲမှုဖြစ်၊ လူ ၁ ဦးသေဆုံး

Germany-blast02

ဂျာမနီနိုင်ငံမှာ နုရင်ဘတ်မြို့အနီးမှာ ယမန်နေ့ ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြား လူ ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားသူဟာ ဆီးရီးယားနိုင်ငံမှ ထွက်ပြေးလာသူ အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဂျာမနီမှာ ခိုလှုံခွင့်မရခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပါတယ်။ နုရင်ဘတ်မြို့အနီး အန်စ်ဘတ်ခ်ျ မြို့ငယ်လေးမှာ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲ အပြင်ဘက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Read more

နီပေါဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

1498498

နီပေါဝန်ကြီးချုပ် K.P. Oli

နီပေါနိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာ မရေမရာဖြစ်နေတဲ့ နောက်ထပ် ကာလအပိုင်းအခြားတခုကို ကျရောက်နေတာကြောင့် ဝန်ကြီးချုပ် K.P. Oli ဟာ တနင်္ဂနွေနေ့မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Oli က သူ အရှုံးနဲ့ရင်ဆိုင်ရနိုင်ခြေရှိနေတဲ့ အယုံအကြည်မရှိအဆိုကို လွှတ်တော်တွင်း မဲခွဲမဆုံးဖြတ်ခင် မိနစ်အနည်းငယ်မှာပဲ အခုလို နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Read more

တူရကီအာဏာသိမ်းမှုနောက်ပိုင်း သမ္မတအထူးကိုယ်ရံတော်အဖွဲ့အား ဖျက်သိမ်း

Presidential-guard

အန်ကာရာ၊ ဇူလိုင် ၂၄

တူရကီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က အရေးနိမ့်ခဲ့သည့် အာဏာသိမ်းမှုတွင် အဖွဲ့ဝင် ၃၀၀ နီးပါး ဖမ်းဆီးခံရ ပြီးနောက် သမ္မတအထူးကိုယ်ရံတော်အဖွဲ့အား ဖျက်သိမ်းပစ်လိုက်သည်။

ယင်းအဖွဲ့အား မလိုအပ်တော့ကြောင်း ရုပ်မြင်သံကြားတွင် ဝန်ကြီးချုပ် ဘီနာလီက ပြောသည်။

Read more