“ဖြိုးစေတနာရှင်” လူမှု ကူညီရေးအဖွဲ့မှ ဆေးကုသရန် ထောက်ပံ့လှူဒါန်း

မန္တလေးမြို့ ၆၆ လမ်း ကုတင် ၅၀၀ ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော အသက် (၇) နှစ်အရွယ် ကလေးငယ်မိဘများမှာ ရှမ်းလူမျိုး များဖြစ်ပြီး ဗမာစကားလုံးဝမတတ်ကြောင်းနှင့် ယင်းကလေးမှာ သီပေါမြို့မှ ဖြစ်ပြီး ခွဲစိတ်ကုသရန် ငွေကြေးပြည့်စုံ လုံလောက်မှု မရှိသဖြင့် လူမှုရေး အဖွဲ့အစည်းများမှ တတ်နိုင်သရွေ့ ကူညီ ထောက်ပံ့ရန် ၂၀.၇.၂၀၁၆ ရက်နေ့ တွင် လူမှုကွန်ယက် face book မှတဆင့် အကူအညီတောင်းခံချက်အရ TYM လူငယ်အဖွဲ့မှ ကိုစိုင်းအွမ်ခေးနှင့် ဆက်သွယ်၍ သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်း ထားရှိသော “ဖြိုးစေတနာရှင်” လူမှု ကူညီရေးအဖွဲ့မှ ဇူလိုင်လ (၂၅) ရက်နေ့တွင် အလှူငွေကျပ် ၅၀၀၀၀ိ/-အား မန္တလေး ကမ္ဘောဇဘဏ်သို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

တနိုင်းပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

ကချင်ပြည်နယ်၊ တနိုင်းမြို့ ရေဘေးဒုက္ခသည်စခန်းရှိ မြို့မဘုန်းကြီးကျောင်း တွင်း ရေဘေးဒုက္ခကြောင့် ခိုလှုံရောက်ရှိနေကြသော ဒေသခံပြည်သူများ (ကျား၊ မ၊ ကလေး) စုစုပေါင်း (၆၀၀) အား တနိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကို ဦးဆေါင်၍ မြို့နယ်ပါတီ ကော်မတီဝင်များသည် ဇူလိုင်လ (၂၅) ရက်က ဆန် (၁၀) အိတ်၊ ဆီ (၅)ပုံး၊ ရေသန့် (၂၀)ကဒ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာ၊ ဆားတစ်အိတ် စုစုပေါင်း တန်ဘိုး ၅သိန်းကျော်အား သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read more

ကချင်ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန် ဆိုင်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးရားဝမ်ဂျုံ၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဦးချစ်ဦး၊ ဦးဥာဏ်သိန်း၊ ဦးမရန်ဘရန်ရှောင်၊ ဦးချန်တန်ခင်၊ ဒေါ်ရှီးဇော်လွမ်းလန်း တို့တက်ရောက်ခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက် နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်များ ရွေးချယ်ပွဲကို ဇူလိုင်လ (၂၄) ရက် နံနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးနှင့် ဗဟိုကော်မတီဝင် ဦးခင်မောင်စိုးနှင့် ဦးတင်အောင်တို့ တက်ရောက်ကြသည်။

Read more

ပန်းဘဲတန်းပါတီရုံးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်ပါတီရုံးတွင် ဇူလိုင်လ (၂၄) ရက် နံနက် ၁ဝ နာရီက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး ၏ ပဓာနနာယကဆရာတော် သာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ မဟာဂန္ထဝါစက ဘဒ္ဒန္တကုမာရ အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

Read more

သင်တန်းသားသင်တန်းသူများ လေ့လာရေး ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပို့ဆောင်ပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးနိုင်လင်းနှင့် မြို့နယ် အရန်ပါတီကော်မတီဝင် ဦးငြိမ်းမြင့် တို့ဦးဆောင်၍ ယခုလ (၂၃) ရက် နံနက် (၁ဝ) နာရီတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် နဝမအကြိမ် မြောက်ပြုလုပ်သော အလုပ်အကိုင်ပြပွဲသို့ တတိယအကြိမ်မြောက် သင်တန်းသားသင်တန်းသူ (၁ဝ) ဦးကို ပို့ဆောင်ပေးခဲ့သည်။

Read more

ကရင်ပြည်နယ်ပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပါတီပြန်လည်ဖွဲ့စည်းရေ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ယခုလ ၂၃ ရက် နံနက် (၉) နာရီက ပြည်နယ်ပါတီရုံးဒေါနခန်းမ၌ကျင်းပခဲ့သည်။

Read more

ကုန်း၊ ရေ နှစ်သွယ် ပျံသန်းသွားလာနိုင်သည့် ကမ္ဘာ့အကြီးဆုံး လေယာဉ်ကို တရုတ်တို့ ထုတ်ဖော်ပြသ

ကုန်းပေါ်၊ ရေပေါ် နှစ်မျိုးစလုံးတွင် ပျံသန်းသွားလာနိုင်မည့် ကမ္ဘာ့အကြီးဆုံးဖြစ်သော လေယာဉ်ကြီးကို တရုတ်တို့ ထုတ်လုပ်နိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြသည်။

368C3B9F00000578-0-image-a-63_1469367628485

(more…)


Read more

‘The Vampire Diaries’ ဇာတ်လမ်းတွဲ Season 8 ဖြင့် အဆုံးသတ်မည်

အမေရိကန် သဘာဝလွန်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ‘The Vampire Diaries’ သည် Season 8 အပြီးတွင် အဆုံးသတ်မည်ဟု ယင်းဇာတ်လမ်းတွဲကို ထုတ်လွှင့်သည့် အမေရိကန် ရုပ်သံကွန်ရက် The CW က ကြေညာသည်။

the-vampire-diaries-759

(more…)


Read more

ကမ္ဘာ့အကြီးမားဆုံး torrent ဆိုက်တစ်ခုကို ဖြိုခွင်းရန် FBI ကို Apple ကူညီခဲ့

Apple သည် ကမ္ဘာ့အကြီးဆုံး KickassTorrents ဆိုက်ပိုင်ရှင်ကို ဖမ်းဆီးနိုင်ရန် အမေရိကန်တရားရေးဌာနသို့ သက်ဆိုင်ရာ အချက်အလက်များအား ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ Apple မှ ထောက်ပံ့ခဲ့သော အချက်အလက် များသည် ပိုလန်တွင်နေထိုင်သော ယူကရိန်းနိုင်ငံသား အာတမ်ဗော်လင်ကို ဖမ်းဆီးရာတွင် အရေးပါခဲ့သည်။

4096

(more…)


Read more