တရုတ်အစိုးရက အွန်လိုင်းသတင်းဝက်ဘ်ဆိုက်အချို့ကို ပိတ်ပင်

တရုတ်အစိုးရက နိုင်ငံရေးနဲ့ လူမှုရေးရာသတင်းများ လွှင့်တင်နေတဲ့ အွန်လိုင်းသတင်းဌာနအချို့ကို ပိတ်ပင်လိုက် ကြောင်း သိရပါတယ်။ Sina၊ Sohu၊ NetEase နဲ့ iFeng အပါအဝင် တရုတ်နိုင်ငံမှ အကြီးမားဆုံး အွန်လိုင်း သတင်းလုပ်ငန်းအချို့ရဲ့ သတင်းများ လွတ်လပ်စွာဖော်ပြမှုကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

13626402_1210426515655011_4462662705435074321_n

(more…)


Read more

“အစိုးရမဟုတ်၍ အာဏာမရှိသော်လည်း စည်းရုံးနိုင်သောအစွမ်းဖြင့် ရှေ့ဆက်နိုင်၊ စည်းရုံးရေးကို အဓိကထား လုပ်ဆောင်ကြရန်” ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

“ရွေးချယ်ပွဲ အခမ်းအနား အေးချမ်းစွာပြီးသွားသည်ကို ဝမ်းမြောက်ကြောင်းနှင့် ပါတီဝင်များအား အမှာစကား အနည်းငယ် ပြောကြားလိုကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ၏ မူဝါဒလမ်းစဉ်များကို ယုံကြည်၍ ပါတီဝင်ဖြစ်လာကြသူများ ဖြစ်ကြောင်း၊ ယုံကြည်ချက်တူသူများဖြင့် ပါတီကို ဖွဲ့စည်းခဲ့ကြောင်း၊

ပါတီဝင်တိုင်း မတူညီသောစွမ်းရည် ကိုယ်စီ ရှိကြောင်း၊ ယုံကြည်မှုနှင့် စုစည်းမှု ကို ထိန်းသိမ်းထားကြရန်၊ ယုံကြည်မှုပျောက်လျှင် ပါတီဝင် မဟုတ်တော့ ကြောင်း၊ ယုံကြည်မှုသည် အရေးကြီးကြောင်း၊ စုစုစည်းစည်း ညီညီညွတ်ညွတ် နှင့် လိုက်ပါဆောင်ရွက်ကြရန်၊

Read more

မိုင်ဂျာယန်အစည်းအဝေးတွင် ခေါင်းစဉ်ကြီးလေးရပ် ဆွေးနွေးမည်

မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် ခေါင်းစဉ်ကြီးလေးရပ် ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


Read more

ပုဂ္ဂလိက ရုပ်သံလုပ်ငန်းအသစ်များ ခွင့်ပြုပေးတော့မည်

ပုဂ္ဂလိကရုပ်သံထုတ်လုပ်သည့် လုပ်ငန်းသစ်များ၏ ရုပ်သံထုတ်လွှင့်ခွင့်များကို ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။ (more…)


Read more

အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့် မှု နောင် အလားတူ ထပ်မံမဖြစ်ရေး နိုင်ငံခြားရေး ၀န်ကြီးဌာန အသိပေးပြောကြားခဲ့ဟုဆို

အမေရိကန် သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့်မှုနှင့်ပတ်သက်ပြီး ထပ်မံမဖြစ်စေရေး အထူး သတိထား ပြီးရှောင်ရှားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးပြောကြားလိုက်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောင်စစ်ရေးနှင့် ဥပဒေရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးစိုး က ” ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်မဖြစ်ဖို့ နှစ်နိုင်ငံပူးပေါင်းပြီး ညှိနှိုင်းတယ်။ နောက် ဒီလို ဟာမျိုးမဖြစ်အောင် ရှောင်ရှားပေးပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးနဲ့ပြောကြဆိုကြတာတော့ ရှိတယ်ပေါ့။ နောက်ဒီလိုဟာမျိုးမဖြစ်အောင် အထူးသတိပြုပြီးတော့ နောက်ကိုဒါမျိုးမဖြစ်ပါစေနဲ့။ ဒီလိုမျိုးဖြစ်တာ မကောင်း ဘူး။ နှစ်နိုင်ငံဆက်ဆံရေးကောင်းနေချိန်မှာ ဒါမျိုးဟာ နားလည်မှု လွဲမှားနိုင်ပါတယ်။ အဲ့ဒါကြောင့် အထူး သတိ ထားပြီးကြီးကြပ်ပါ။ နောက်မဖြစ်အောင်ရှောင်ရှား ပါလို့ပြောထားတယ်” ဟု ဇူလိုင် ၂၅ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာ၏ မေးမြန်းမှုအား ပြောသည်။

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင်လ ၂၄ရက် ည ၈နာ ရီခန့်တွင် မျက်ရည်ယိုဗုံးအား စမ်းသပ်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံရုံးအနီးလမ်းသွားလမ်းလာအချို့ မျက်လုံးများစပ်ခြင်း၊ မျက်ရည်ယိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)


Read more

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းရန် လျှောက်ထားမှု ရက်ထပ်တိုး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လိုသူများအနေနှင့် အဆိုပြုလွှာ များကို သြဂုတ်လအထိ တိုးမြှင့်လျှောက်ထားခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ (more…)


Read more

ရှမ်းပြည်နယ်အစိုးရက တားမြစ်သော်လည်း လူငယ်ညီလာခံ ကျင်းပမည်

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ကျောက်တိုင်ကွင်း၌ ၅ ရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆက်လက်မလုပ်ဆောင်ဘဲ ဆိုင်းငံ့ထားရန် စရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ကျောက်တိုင်ကွင်း၌ ၅ ရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆက်လက်မလုပ်ဆောင်ဘဲ ဆိုင်းငံ့ ထားရန် စာပို့ထားသော်လည်း ညီလာခံကို ဆက်လက်လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

(more…)


Read more

ယခုပညာသင်နှစ်မှစ၍ ဥပဒေအထူးပြုတတိယနှစ်တွင် လူ့အခွင့်အရေးဥပဒေဘာသာရပ်သင်ကြားမည်

တတိယနှစ်ဥပဒေအထူး ပြုဘာသာရပ်ကျောင်းသားများအား လူ့အခွင့်အရေးဥပဒေ (Human Rights Law) ဘာသာရပ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင်သင်ကြားမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သတင်းရရှိသည်။ လူ့အခွင့်အရေးဥပဒေ (Hu-man Rights Law) ဘာသာရပ်ကို တက္ကသိုလ် ၁၈ ခုတွင် နေ့တက်နှင့် အဝေးသင် တက်ရောက်နေသည့် တတိယနှစ်သင်တန်းသားများအား သင်ကြားပေးမည် ဖြစ်သည်။ (more…)


Read more

သံတွဲပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၅) ရက် နေ့လည် (၁၂) နာရီအချိန်က ခရိုင်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီဝင်၊ အရန်ကော်မတီဝင်များအား ဇုံနယ်အလိုက် နယ်မြေသတ်မှတ်ခြင်း၊ ရေးရာကဏ္ဍများ အလိုက် တာဝန်ခွဲဝေခြင်း၊ ပါတီအဆင့်ဆင့်မှ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Read more

ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပညာဒါနသင်တန်းများ ဖွင့်လှစ် သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီရုံးတွင် (၉) တန်း၊ (၁၀) တန်း ပညာဒါနသင်တန်းများအား ဝါရင့်ဆရာ/ဆရာမများမှ နေ့စဉ် နေ့လည် (၁) မှ ညနေ (၄) နာရီခွဲအချိန်အထိ ဖွင့်လှစ်သင်ြကားပေး လျှက်ရှိသည်။

Read more