Author: USDP 2016
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကမာရွတ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ထုမှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပသည်။
ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အတွင်းရေးမှူး ဒေါ်သီသီမွန်တို့ကြီးမှူး၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Read moreကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရေဘေးသင့် သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပျဉ်ထောင်တွင်းအုပ်စု အောင် ချမ်းသာကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် မြို့နယ်ပြည် ခိုင်ဖြိုးမှ ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက် ၉နာရီက ပေးအပ်ခဲ့ သည်။ ပြည်ခိုင်ဖြိုး မြို့နယ်ကော် မတီဝင် ပျဉ်ထောင်တွင်းအုပ်စု စည်းမှူးဦးဝင်းလှိုင်၊ ရုံးအဖွဲ့ဝင် စုစုပေါင်းအင်အား ၁၅ဦးတို့က ရေဘေးသင့်ခံရသူအိမ်ခြေ၃၂၆လုံး၊ လူဦးရေ ၄၆ဝ အတွက်ရေသန့်ဘူး များနှင့်မားမားခေါက်ဆွဲခြောက် ထုပ်များကို ရေဘေး ကယ်ဆယ် ရေးစခန်းရှိရာ အောင်ချမ်းသာ ကျေးရွာရှိဘုန်းတော်ကြီးကျောင်း သို့သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Read moreအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာဆွေးနွေးပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အမှာစကားပြောကြား

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ”ယနေ့ကျင်းပတဲ့ ‘အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’သို့ တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်ပါတီဝင်များ၊ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြစေကြောင်း ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။
Read moreစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀နဲ့ မန်ချက်စတာယူနိုက်တက်ကို ပေါ့ပ်ဘာ ပြန်လည် ပြောင်းရွှေ့

ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ်ပေါ့ပ်ဘာဟာ မန်ချက်စတာယူ နိုက်တက်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ပြီးနောက် ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ရှိတဲ့ ပေါ့ပ်ဘာဟာ ၂၀၁၂ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ ပေါင် ၈သိန်းနဲ့ ထွက်ခွာခဲ့ပြီး အခုအခါ အသင်းဟောင်းကိုပြန်လည်ပြောင်းရွှေ့ပြီး ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပါ တယ်။
Read moreနှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအိုလံပစ် ဆုတံဆိပ်ကို ဖိလစ်ပိုင်ဆွတ်ခူး

၂၀၁၆ အိုလံပစ်အားက စားပြိုင်ပွဲ အမျိုးသမီးအလေးမ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံသူ ဟီဒီလင်ဒိုက်ဇ်က ငွေတံဆိပ်ဆု ရရှိခဲ့ ပြီး ယင်းမှာ နှစ်ပေါင်း (၂၀) အတွင်း ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဆုံး အိုလံပစ် ဆုတံဆိပ်ဖြစ်သည်။
အရပ် ၁ ဒသမ ၅၄ မီတာ မြင့်သော ဒိုက်ဇ်သည် ၂၀၀၈ နှင့်၂၀၁၂ အိုလံပစ်ပွဲများတွင် ဆုမရဖြစ်ခဲ့ပြီးနောက် ယခုပြိုင်ပွဲတွင်လည်း ဆုတံဆိပ်ရနိုင်ခြေမရှိဟု ဖိလစ်ပိုင်အားကစားလေ့လာသူများက မျှော်လင့်ထားကြသည်။
Read moreမိုက်ကယ်ဖဲ့လ် ၁၉ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူး

ဘရာဇီးနိုင်ငံတွင် ကျင်းပနေသော အိုလံပစ်အားကစားပွဲတော် ရေကူးပြိုင်ပွဲ၌ အမေရိကန်အမျိုးသားအသင်းက မီတာ ၄၀၀ အသင်းလိုက် အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ယင်း၌ ဒုတိယအကျော့ကူးခပ်ခဲ့သည့် မိုက်ကယ်ဖဲ့လ်က ၎င်း၏ ၁၉ ခုမြောက် အိုလံပစ်ရွှေ တံဆိပ်ဆု ရယူသွားခဲ့သည်။
Read moreအီသီယိုပီးယားဆန္ဒပြပွဲများ သေဆုံးသူ တစ်ရာနီးပါးရှိ

အိုရိုမီးယား၊ သြဂုတ် ၉
အီသီယိုပီးယားနိုင်ငံအတွင်း ယခုစနေ၊ တနင်္ဂနွေက ဖြစ်ပွားသော ဆန္ဒပြပွဲများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ပဋိပက္ခများဖြစ်၍ လူပေါင်း ၁၀၀ နီးပါးသေဆုံးကြောင်း နိုင်ငံတကာလွတ်ငြိမ်းရေးအဖွဲ့က ပြောသည်။
သြဂုတ် ၇ ရက်က ဘာဟာဒါမြို့တွင် အပြင်းထန်ဆုံးဖြစ်ကာ သေဆုံးသူ အနည်းဆုံး ၃၀ ရှိကြောင်း ယင်းအဖွဲ့က ပြောသည်။
Read moreကွက်တာမြို့ ဗုံးကွဲတာ သူတို့လက်ချက်လို့ ပါကစ္စတန် တာလီဘန် ဂိုဏ်းခွဲတစ်ခုက ကြေညာ

ပါကစ္စတန် နိုင်ငံတွင်း လုံခြုံရေး အခြေအနေကို ပြန်လည် သုံးသပ်ချိန် တန်ပြီ။
ပါကစ္စတန် နိုင်ငံ ကွက်တာ မြို့မှာ အနည်းဆုံး လူ ၆၉ ယောက် သေဆုံး ခဲ့ရတဲ့ အထိ အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့မှု ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး၊ ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲ တစ်ခု ဖြစ်တဲ့ ဂျမာ့အာ့တွလ် အာဟ်ရာ က ပြောပါတယ်။
Read more




