ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးသူများ၏ သဘောထားအမြင်

နေပြည်တော်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင်ပြုလုပ်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ပါတီများမှ ကိုယ်စားပြုတက်ရောက်ဆွေးနွေးကြသောပုဂ္ဂိုလ်များအနေဖြင့် ပါတီ၏နိုင်ငံရေးမူသဘောချမှတ်လုပ်ဆောင်မှုအပေါ် သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း စုစည်းတင်ပြ လိုက်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်ပါတီကိုယ်စားပြုကိုယ်စားလှယ် ၂ဝဝ ကျော်တက်ရောက်ခဲ့သည့်အနက် တိုင်းရင်းသားဒေသအလိုက် ဆွေးနွေး ခဲ့သူသုံးဦးနှင့် လက်ရှိပါတီနိုင်ငံအပေါ် အခြေပြုဆွေးနွေးခဲ့သည့်သူတစ်ဦးတို့၏ သဘောထားအမြင်များအား အောက်ဖော်ပြပါအတိုင်း တင်ဆက်လိုက်ရခြင်းဖြစ်သည်။

Read more

လက်စတာအသင်းနှင့် နည်းပြရာနီရေရီ သုံးနှစ်သက်တမ်းတိုးစာချုပ်ရန် သဘောတူညီမှုရရှိ

Latsiter

သြဂုန် ၁၀၊ အင်္ဂလန်

လက်စတာအသင်းနှင့် နည်းပြရာနီရေရီတို့သည် သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားခဲ့ကြပြီ ဖြစ်သည်။ စာချုပ်သစ်အရ ရာနီရေရီသည် တစ်နှစ်လျှင် လစာငွေ ပေါင် ၃ သန်းရရှိမည် ဖြစ်ပြီး ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်မီ စာချုပ်သစ် ချုပ်ဆိုမည် ဖြစ်သည်။

Read more

ဆီဗီလာကို အချိန်ပိုမှာ အနိုင်ရပြီး ဥရောပစူပါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

13925840_1749142218671995_8889116246487231218_o

ဥရောပစူပါဖလားကို ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာ အသင်းတို့ ယှဉ်ပြိုင် ကစားကြရာမှာ မိနစ်(၉၀)အတွင်း (၂-၂)ဂိုး သရေကျပြီး အချိန်ပိုမှာ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ဂိုး သွင်းယူကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။

စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ တိုနီကရူးစ်၊ ပီပီ အစရှိတဲ့ အဓိက ကစားသမားတွေ မပါဝင်တဲ့ ရီးယဲလ်အသင်းကို ဆီဗီလာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ရီးယဲလ်အသင်းက အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။

Read more

ပရီးမီးယားလိဂ် လစာအများဆုံး ကစားသမား(၁၀)ဦးစာရင်းတွင် မန်ယူကစားသမား(၃)ဦး ဦးဆောင်

MU

မန်ယူအသင်းသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်သည့် ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာကို တစ်ပတ်လုပ်ခ ပေါင်(၂၉၀၀၀၀)ပေးချေရမည် ဖြစ်ရာ ပေါ့ဘာသည် ပရီးမီးယားလိဂ်၏ လစာအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် အခြားကစားသမားသစ်တစ်ဦးဖြစ်သည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကိုလည်း တစ်ပတ်လုပ်ခပေါင် (၂၅၀၀၀၀) ပေးချေရမည်ဖြစ်ရာ ပရီးမီးယားလိဂ် လစာ အများဆုံး (၁၀)ဦးစာရင်းတွင် မန်ယူကစားသမား(၃)ဦးက ဦးဆောင် သွားခဲ့ခြင်းဖြစ်သည်။

Read more

အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို မန်စီးတီး ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူ

John-Stones

အဲဗာတန်အသင်းမှ အင်္ဂလန်လက်ရွေးစင် နောက်ခံ လူ ဂျွန်စတုန်းကို မန်စီးတီးက ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူ လိုက်သည်။

စတုန်း (၂၂) နှစ်သည် ယခု နွေရာသီတွင် ခေါ်ယူလိုသော ကစားသမားများအနက် တစ်ဦး ဖြစ်သည်ဟု မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက ပြောထားရာ ယခုအခါ စတုန်းသည် ဖော်ပြ မထားသည့် ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးသို့ ရောက်လာပြီဖြစ် သည်။ မန်စီးတီးက စတုန်းကို ပေါင် ၄၇ ဒသမ ၅ သန်း ပေး၍ ခေါ်ယူခဲ့ရသည်ဟု ယုံကြည်ရပြီး ရာဇ၀င်တွင် ဈေးအကြီးဆုံး ဗြိ တိန်နောက်ခံလူဖြစ်လာမည်ဟု သတင်းများက ဖော်ပြသည်။

Read more

အိုလံပစ်ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူမှာငယ်စဉ်က ရေကြောက်သူတစ်ဦးဖြစ်

13958037_1739940456246455_1743057410299696816_o

ရီယိုဒီဂျနေရိုးသြဂုတ်၉

ဗြိတိန်နိုင်ငံအတွက် ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရယူပေးခဲ့သူမှာငယ်စဉ်က ရေကြောက်သူတစ်ဦးဖြစ်ခဲ့သည်။ ရေကူးချန်ပီယံ၏ အမည်မှာ အဒမ်ပီတီဖြစ်ပြီး ၁၉၈၈ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံသည် အိုလံပစ်ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် ဝေးခဲ့ရာမှ ၄င်းက ပထမဦးဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် စတန်းဖို့ဒ်ရှိုင်းယားဇာတိဖြစ်ပြီး အသက်၂၁နှစ်သာရှိသေးသည်။ ၄င်း၏ အဘွားဖြစ်သူက ပီတီမှာ ငယ်စဉ်အခါက ရေကူးရခြင်းကို မနှစ်သက်ကြောင်း၊ ငယ်စဉ်က ရေကို ကြောက်ကြောင်း၊ ၄င်း၏ မိခင်က ရေကူးကန် သို့ ခေါ်သွားတိုင်း ကြောက်လန့်တကြား အော်လေ့ရှိကြောင်း ပြောပြခဲ့သည်။

Read more

ဆော်ဒီကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးရှိ တင့်ကားနှင့် လက်နက်များရောင်းချမည်ဟု အမေရိကန် အတည်ပြု

MIDEAST-CRISIS_

အမေရိကန်အစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ တင့်ကားများ၊ စစ်လက်နက်ပစ္စည်းများ ဆော်ဒီအာရေးဗျနိုင်ငံသို့ ရောင်းချသွားမည့်အစီအစဉ်ကို အတည်ပြုပေးထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သြဂုတ် ၉ ရက်တွင်  ထုတ်ပြန်ကြေညာလိုက်သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းစစ်လေယာဉ်များ အိမ်နီးချင်းယီမင်နိုင်ငံတွင် လေကြောင်းစစ်ဆင်ရေးများ ပြန်လည်စတင် လုပ်ဆောင်နေသည့်သတင်းများ ထွက်ပေါ်လာနေသည့်အချိန်နှင့် ယခု ကြေညာချက်နှင့် တိုက်ဆိုက် နေသည်။ ယီမင်ပြည်တွင်းစစ်ပွဲများအတွင်း ပြီးခဲ့သည့်သုံးလတာအတွင်း အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးကာ လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပြီး ကုလ၏ ကြားဝင်စေ့စပ်မှုများလည်း ရပ်ဆိုင်းထားရသည်။

Read more

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် တရားစွဲ ခံရ

1649649874

လစ်ဗျား နိုင်ငံမှာ လွန်ခဲ့တဲ့ လေးနှစ်က အသတ်ခံ ခဲ့ရတဲ့ အမေရိကန် နှစ်ဦးရဲ့ မိဘတွေက ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် ကို တရားစွဲလိုက် ပါတယ်။

Read more

ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမ္မတ ရူးဆက်ဖ်ကို တရားစွဲဆိုရေးကိစ္စ ဘရာဇီး လွှတ်တော်တွင် အငြင်းအခုံဖြစ်နေ

ferfgrg

အစိုးရ အသုံးစရိတ် ဥပဒေများကို ချိုးဖောက်မှုနှင့် ပတ်သက်၍ ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမ္မတ ဒယ်လ်မာရူး ဆက်ဖ်ကို တရားစွဲရေးအတွက် ဘရာဇီး ဥပဒေပြု လွှတ်တော်တွင် အခြေအတင် ဆွေးနွေးနေကြောင်း သိရသည်။

Read more