တာလီဘန်အစိုးရကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ

တာလီဘန်အစိုးရကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ
======================
အာဖဂန်နစ္စတန်နိုင်ငံ သံအမတ်ကို ရုရှားနိုင်ငံက လက်ခံလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

အာဖဂန်သံအမတ်ကို လက်ခံလိုက်ခြင်းအားဖြင့် ရုရှားဟာ ၂၀၂၁ ခုနှစ်က တာလီဘန်တို့ အာဏာရယူပြီးနောက်ပိုင်း တာလီဘန်အစိုးရကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အာဖဂန်သံအမတ်ကို လက်ခံလိုက်ကြောင်းကို မနေ့က ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

#PAN

Read more

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးပါက သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးပါက သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်
=======================
၂၀၂၅ ခုနှစ် မတိုင်မီတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအ‌နေဖြင့်သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းတို့ကို စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။

Read more

ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရန် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးသွားမည်

ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရန် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးသွားမည်
=====================
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုရှိ မြို့နယ် ၅၄ ခုမှာရှိတဲ့ ပြည်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ရန် အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄၄ သန်း ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများ အသင်းအဖွဲ့ (၃/၂၀၂၅) ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Read more

ဂါဇာတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးသဘောတူဟုဆို

ဂါဇာတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးသဘောတူဟုဆို
===============================
ဂါဇာကမ်းမြောင်ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။

အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှတာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်ချမှတ်နိုင်ခြင်း ဖြစ်ကြောင်း ထရမ့်က ၎င်း၏ ဆိုရှယ် မီဒီယာပေါ်တွင် ရေးသားဖော်ပြထားသည်။

Read more

မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာ သေဆုံး

မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာ သေဆုံး
=============================
လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာဟာ မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာပဲ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Read more

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကျမ်းသစ္စာဆို

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကျမ်းသစ္စာဆို
====================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းဘုရင့်နန်းတော်မှာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းကပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုကို ထိုင်းဝန်ကြီးချုပ်ကနေဆိုင်းငံ့ခံထားရတဲ့ ပေထုန်တန်ရှင်နာဝပ်ဟာ ယဉ်ကျေးမှုဝန်ကြီးအဖြစ်နဲ့ တက်ရောက်လာတာတွေ့ရတယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပေထုန်တန်အပါအဝင် ထပ်မံဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့သစ်မှာပါဝင်တဲ့ ယာယီဝန်ကြီးချုပ်ဖြစ်တဲ့ ယခင်ဒုဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး မစ္စတာ ဆူရီယာနဲ့ ဝန်ကြီးတွေရဲ့ကျမ်းသစ္စာကြိမ်ဆိုပွဲကို ထိုင်းဘုရင်မင်းမြတ်နဲ့မိဖုရားတို့ တက်ရောက်ခဲ့ကြပါတယ်။

Read more

ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ပြုလုပ်သော တောင်သူလယ်သမားများနှင့်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊တောင်သူ လယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်တက်ရောက်

ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ပြုလုပ်သော တောင်သူလယ်သမားများနှင့်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊တောင်သူ လယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်တက်ရောက်
=================================
ဇေယျာသီရိ ဇူလိုင် ၂

ယနေ့ ဇူလိုင်(၂)ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသောမြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေရှင်းဥက္ကဋ္ဌဦးဆောင်သောအဖွဲ့နှင့် ဇေယျာသီရိမြို့နယ်၊( ၁၆)အုပ်စုရှိ တောင်သူလယ်သမားများတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအလုပ်အမှုဆောင်၊ တောင်သူလယ်သမားရေးရာတာဝန်ခံ
ဦးအောင်တင်မြင့် တက်ရောက်ခဲ့ပြီးပြည်ခိုင်ဖြိုးပါတီမှတောင်သူလယ်သမားအရေးကိစ္စများနှင့်ပတ်သက်ပြီးဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ဆက်လက်ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များနှင့်တောင်သူလယ်သမားများနှင့်ပတ်သက်ပြီးပါတီမှချမှတ်ထားသောမူဝါဒများ၊သဘောထားများရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီးဖောင်ဒေးရှင်ဥက္ကဋ္ဌမှမိတ်ဆက်စကားပြောကြားပြီးဖောင်ဒေးရှင်း၏ရည်ရွယ်
ချက်၊သဘောထားနှင့်လက်ရှိဆောင်ရွက်နေသည့်အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ YOUTH TALK စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ YOUTH TALK စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
==========================
ဇူလိုင် ၁၊ နေပြည်တော်

Read more

EV တင်သွင်းသူများ အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်တစ်ခု သတ်မှတ်ထုတ်ပြန်

EV တင်သွင်းသူများ အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်တစ်ခု သတ်မှတ်ထုတ်ပြန်
=========================
EV တင်သွင်းရာမှာ လျှပ်စစ်သုံးယာဉ်အရောင်းပြခန်း ဖွင့်လှစ်နိုင်ရေး အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်ကို သတ်မှတ်ရာ၌ ခြံအကျယ်အဝန်း ၁၀,၀၀၀ စတုရန်းပေ (အရောင်းပြခန်းနှင့် Service Center ဧရိယာနှင့် ဧည့်နား နေခန်း၏ စုစုပေါင်းဧရိယာသည် ၅,၀၀၀ စတုရန်းပေရှိရမှာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတ်မှတ်ထုတ်ပြန်ထားပါတယ်။

Read more

အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်း ဘင်္ဂလာဒေ့ရှ်ကို ရှုံးနိမ့်ခဲ့

အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်း ဘင်္ဂလာဒေ့ရှ်ကို ရှုံးနိမ့်ခဲ့
==============================
မနေ့က ဇူလိုင် ၂ ရက် ညနေပိုင်းအချိန်၌ ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် ဒုတိယပွဲစဉ်တွင် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် အသင်းလက်ရွေးစင် အမျိုး သမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှာ ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

Read more