ယခုနှစ်အတွက် အပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း မီရန်တီ ထိုင်ဝမ်သို့ ၀င်ရောက်
ယခုနှစ်အတွက် အပြင်းထန်ဆုံးတိုင်ဖုန်းမုန်တိုင်း မီရန်တီသည် ထိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့တွင် ကျွန်းတောင်ပိုင်းမှ စတင်ကာ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အိမ်ခြေ ၁ သိန်း ၈ သောင်းကျော် လျှပ်စစ်ဓါတ်အားပြတ်တောက် လျှက်ရှိကြောင်း သိရသည်။
စူပါတိုင်ဖုန်း မီရန်တီသည် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ခဲ့ခြင်းမရှိသော်လည်း မုန်တိုင်းကြောင့် နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် စံချိန်တင်လေတိုက်နှုန်းပြင်းထန်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ဂရင်းနစ်စံတော်ချိန် နံနက် ၂ နာရီ ၁၅ မိနစ်တွင် မီရန်တီသည် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားကာ တောင်ပိုင်းစွန်း ဟန်ချွန်းပြည်နယ်သို့ တစ်နာရီလျှင် ၂၆၃ ကီလိုမီတာ လေတိုက်နှုန်းဖြင့် ၀င်ရောက်ခဲ့သည်။
ထိုင်ဝမ်ဗဟိုရာသီဥတုဆိုင်ရာ ဗျူရို၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ အတွင်း အပြင်းထန်ဆုံး လေတိုက် နှုန်းကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။ မိုးလေ၀သခန့်မှန်းသူ “မီရန်တီက ဒီနေ့မှာ ထိုင်ဝမ်ကို အပြင်းထန်ဆုံး ထိခိုက်မှုတွေနဲ့ ၀င်ရောက်ပါမယ်” ဟုပြောကြားသည်။
Ref:AFP