စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေးမြို့နယ် ပါတီဥက္ကဋ္ဌ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသာအေးသည် တွဲဖက် အတွင်းရေးမှူး ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်ဇော်ဦး၊ ရွှေဘိုခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ ခရိုင် အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်တို့ လိုက်ပါ၍ ဒီပဲယင်း၊ ရေဦး၊ တန့် ဆည်၊ ခင်ဦးမြို့နယ် ပါတီခန်းမ၌ မေလ (၇) ရက် ညနေ (၄) နာရီခွဲက တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသာအေး က အဖွင့်အမှာစကားပြောကြား၍ လေပြင်းတိုက်ခတ်မှုကြောင့် ခင်ဦးမြို့နယ် လေဘေးသင့်ကျေးရွာများ၏ အခြေအနေကိုမေးမြန်းရာ မြွှိုနယ်ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးငြိမ်းနှင့် အတွင်းရေးမှူး ဦးထွန်းမြင့် တို့က ဗဟိုပါတီမှ ထောက်ပံ့ ငွေကျပ် သိန်း (၂ဝ) ဖြင့် ကျေးရွာလေးရွာကို လှူဒါန်းခဲ့ကြောင်း ရှင်းလင်းတင်ပြကြသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသာအေးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ”စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး”ရည်ရွယ်ချက်များကို အသေးစိတ် အကျယ်တဝင့် ပြော ကြားခဲ့ကြောင်း သိရသည်။

အောင်မင်း(ခင်ဦး)


Leave a Reply