ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့ တရုတ်နိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများအား လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယခု လ ၅ ရက် တွင် ကွေ့ကျုံးပြည်နယ် ကွေ့ရန်မြို့မှ RY 8412 လေယာဉ် ဖြင့်ထွက်ခွာလာခဲ့ရာ ကျန်ရှီးပြည် နယ် နန်းချမ်းမြို့သို့ ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ် တွင်ရောက်ရှိခဲ့ရာ နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူးနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြိုဆိုကြသည်။

ညပိုင်းတွင် ကျန်ရှီးပြည်နယ် ဒုအုပ်ချုပ်ရေးမှူး Mr.LiuChary Lin နှင့် နန်ချမ်းမြို့ Sheration ဟိုတယ်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ပါတီအချင်းချင်း ပူးပေါင်းဆောင် ရွက်မှုများအား ဆွေးနွေးခဲ့သည်။

၎င်းနောက် ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား ကျန်ရှီးပြည်နယ် ဒုအုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၁ ရက် တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr.Yuen Zhibing ကွေ့ကျိုးပြည်နယ် အစိုးရအဖွဲ့ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr.Liu Baochang နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ကွေ့ကျိုးပြည်နယ် Bijie မြို့ရှိ Zhijm Coue National Geological Part သို့ ရောက်ရှိရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းပြသသည်။

ညနေပိုင်းတွင် Bijie မြို့သို့ ရောက်ရှိပြီး Sheration ဟိုတယ်၌ Bijie မြို့ ဒေသပါတီ လူငယ်ရေးရာဌာန ဥက္ကဋ္ဌဦးဆောင်သော လူငယ်အဖွဲ့များနှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ပါတီ လူငယ်ရေးရာဆောင်ရွက်မှု ကိစ္စရပ်များ၊ လူငယ်ရေးရာဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းဆောင်ရွက် ချက်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂ ရက် နံနက်ပိုင်းတွင် Bijie မြို့ Ping Shan မြို့နယ် Zhongizhai ကျေးရွာသို့ ရောက်ရှိပြီး အစိုးရ၊ ဒေသပါတီနှင့် ပြည်သူ လူထုပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများအား ကွင်းဆင်းလေ့လာခဲ့သည်။

မွန်းလွဲပိုင်းတွင် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Jiueaiping ခေတ်မီလယ်ယာ စိုက်ပျိုးရေးစံပြ ကျေးရွာသို့ရောက်ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့သည်။

ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၃ ရက် နံနက်ပိုင်းတွင် Fengshan Township သို့ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လမ်းပန်းဆက် သွယ်ရေးခက်ခဲသော ဒေသများမှ ကျေးလက်နေပြည်သူများအတွက် ပြန်လည်နေရာ ချထားရေး ဆောင် ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုလေ့လာခဲ့သည်။

ညနေပိုင်း တွင် Muege Ancient Town,မဒမ် shexiang ပြတိုက်နှင့် ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် ဖွင့်လှစ်ထားသော Online ဝန်ဆောင်မှုစင်တာသို့ သွား ရောက်လေ့လာခဲ့သည်။

မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၄ ရက် တွင် Bijie မြို့Jisha Country သို့ ရောက်ရှိပြီး Tarjin ခေတ်သစ် မြေမဲ့စိုက်ပျိုးရေးခြံသို့ သွားရောက် လေ့လာခဲ့သည်။

Union daily


Leave a Reply