မန်ချက်စတာ ဒါဘီကို ကွင်းလယ်ဒိုင်အဖြစ် ကလင်တန်ဘတ် တာဝန်ယူမည်
(ဓာတ်ပုံ – အီးပီအေ)
စက်တင်ဘာလ (၁၀) ရက်၊ စနေနေ့မှာ မန်ချက်စတာ ဒါဘီပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် ကလင်တန်ဘတ်မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေငြာပါတယ်။
မော်ရင်ဟိုနဲ့ ဂွာဒီယိုလာတို့ဟာ စပိန်လာလီဂါကလပ်တွေကို ကိုင်တွယ်စဉ်က ပြိုင်ဘက်ဟောင်းတွေဖြစ်သလို အခုချိန်မှာ သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို အင်္ဂလန် ပရီးမီးယားလိဂ်မှာ အသစ်တဖန် ပြန်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ဟိုဆေးမော်ရင်ဟိုရဲ့ မန်ယူအသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ရင်ဆိုင်ရာမှာ ဖြစ်ပြီး နှစ်သင်းလုံးဟာ
၂၀၁၆-၁၇ ဘောလုံးရာသီ အစမှာ ရှုံးပွဲမရှိသေးပဲ ဒီပွဲမှာ တစ်သင်းသင်းကတော့ သူတို့ရဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲ ပျောက်ဆုံးဖို့ ရှိနေပါတယ်။
မန်ယူနှင့် မန်စီးတီး နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၃)ပွဲလုံး အနိုင်ရရှိထားပါတယ်။ အဂွဲရိုးဟာ ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်ကို တံတောင်နဲ့ရိုက်မိခဲ့တဲ့အတွက် သုံးပွဲပယ် ပြစ်ဒဏ်ကြောင့် ဒါဘီပွဲစဉ်ကို လွှဲချော်ခဲ့ပြီး မန်ယူကတော့ နိုင်ပွဲအတွက် ရေပန်းစားနေပါတယ်။
ကွင်းလယ်ဒိုင် ကလင်တန်ဘတ်ဟာ ၂၀၁၅-၁၆ ချန်ပီယံလိဂ်နှင့် ယူရို ၂၀၁၆ ဗိုလ်လုပ်ပွဲတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ဒီရာသီရဲ့ အရေးပါဆုံးနဲ့ အငြင်းပွားဖွယ်ရာ ဒါဘီပွဲစဉ်ကို တာဝန်ယူမှာဖြစ်ပါတယ်။
Ref; Goal