Alibaba ၏ပြိုင်ဘက် JD ကုမ္ပဏီက ပစ္စည်းပို့ဆောင်ပေးမည့် ဒရုန်းစက်ရုပ်များ မိတ်ဆက်

တရုတ် e-commerce ကုမ္ပဏီ JD သည် ပစ္စည်းပေးပို့မည့် ဒရုန်းလေယာဉ်များထက် မြေပြင်တွင် ကုန်ပစ္စည်းများပေးပို့နိုင်မည့် စက်ရုပ်များကို မိတ်ဆက်ခဲ့သည်။ JD ကုမ္ပဏီအနေဖြင့် အဆိုပါ ဒရုန်းများကို စမ်းသပ်လျက်ရှိကြောင်း သိရသည်။

jd-self-driving-car5-750x439

အဆိုပါဒရုန်းများသည် တစ်မီတာခန့်ရှိပြီး ပစ္စည်းများသယ်ဆောင်ရန် အကန့် ၆ ခု ပါဝင်သည်။ စက်ရုပ်များက ကိုယ်ပိုင်လမ်းကြောင်းများကို ရွေးချယ်သွားလာနိုင်ပြီး အတားအဆီးများကို ရှောင်လွှဲနိုင်မည့် နည်းပညာကို အသုံးပြုထားသည်။ ၎င်းဒရုန်းစက်ရုပ်များသည် မှတ်သားထားသော အလင်းရောင်များစွာဖြင့် လမ်းဆုံများတွင် သွားလာနိုင်သည်။ ကုန်ပစ္စည်းများပေးပို့သော စက်ရုပ်များအနေဖြင့် တည်နေရာ အဆောက်အဦသို့ ရောက်ရှိပါက JD app မှတစ်ဆင့် ပစ္စည်းရယူရန် သတိပေးမည် ဖြစ်သည်။ ထို့နောက် code အတွင်းရှိ key ဖြင့် အကန့်ကိုဖွင့်၍ ပစ္စည်းကိုယူနိုင်မည် ဖြစ်သည်။

ယခုစက်ရုပ်များသည် တရုတ်နိုင်ငံတွင် တိုးတက်အောင် ဆောင်ရွက်ထားသော အလိုအလျောက်ပစ္စည်း ပေးပို့သည့် ပထမဆုံးစက်ရုပ်များဖြစ်ကြောင်း JD မှထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် လာမည့်နှစ်တွင် လုပ်ငန်းအတွင်း အသုံးပြုသွားရန် ရည်မှန်းထားသည်။ ထို့အပြင် JD အနေဖြင့် ကုန်ပစ္စည်းပေးပို့နိုင်မည့် အရွယ်ကြီးမားသော ဒရုန်းကားများကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

Ref: TechInAsia

# Internet Journal


Leave a Reply