ဗြိတိန်တင်းနစ်ချန်ပီယံ အန်ဒီမာရေး အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူး

stream-img

ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးသည် အာဂျင်တီးနားတင်းနစ်က စားသမား ဟွန်မာတင်ဒယ်ပိုထရို ကို အနိုင်ယူကာ အိုလံပစ်တစ်ဦး ချင်း တင်းနစ်ပြိုင်ပွဲ ရွှေတံဆိပ် ဆုနှစ်ကြိမ်ရရှိသည့် ပထမဆုံး တင်းနစ်ကစား သမားဖြစ်လာ သည်။

မာရေး (၂၉) နှစ်သည် ပိုထ ရိုကို ၇-၅၊ ၄-၆၊ ၆-၂၊ ၇-၅ ရလဒ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ် သည်။မာရေးသည် ၀င်ဘယ်တန် ဆုဖလားကို ဒုတိယအကြိမ် ရရှိခဲ့ပြီး လန်ဒန် ၂၀၁၂ အိုလံပစ်ပွဲ အောင်မြင်မှုပြီးနောက် လေးနှစ်အကြာတွင် အိုလံပစ်တင်းနစ်ရွှေ တံဆိပ်ဆု ရရှိခြင်းဖြစ်သည်။

လေးနာရီကြာ ယှဉ်ပြိုင်မှု အတွင်း စတုတ္ထအကြိမ်၌ ပြိုင် ဘက်နှစ်ဦးလုံးသည် အားအင်ကုန်ခန်းမောပန်းနေပုံရပြီး ခက်ခဲစွာ ယှဉ်ပြိုင်အနိုင်ရပြီးနောက် မာရေး သည် မျက်ရည်များကျခဲ့သည်။

အာဂျင်တီးနားလက်ရွေးစင် တင်းနစ်သနား ပိုထရိုနှင့် နောက် ဆုံးယှဉ်ပြိုင်ခဲ့ရပြီး ကစားခဲ့သမျှ တင်းနစ်ပွဲများတွင် အခက်ခဲဆုံးဖြစ်သည်ဟု မာရေးက ပြောကြားပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပွဲ၌ တတိယမြောက် ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခြေနှင့် ပတ်သက်၍ သံသယရှိကြောင်း ၎င်းက ၀န်ခံပြောကြား သည်။

‘‘လေးနှစ်ဆိုတာ အကြာကြီး ပါ။ အပြောင်းအလဲတွေ အများ ကြီးရှိပါဦးမယ်။ တိုကျိုအိုလံပစ် အကြောင်း ဘယ်သူ သိမှာလဲ။ ကျွန်တော်အသက် (၃၃) နှစ်မှာ ကျွန်တော်အခုလိုမျိုး လက်ရည်ရှိ ဖို့ မသေချာပါဘူး’’ဟု မာရေးက ပြောသည်။

—Ref:BBC


Leave a Reply