ပြည်နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဦးနန္ဒာလှမြင့်မှ သြဂုတ် (၁၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကလောမြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ပါတီကော်မတီဝင်မှ မြို့နယ်ပါတီဥက္ကဋ္ဌတာဝန် လွှဲပြောင်းရန်အတွက် လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်ကော်မတီဝင် စုစုပေါင်း (၂၆) ဦး တက်ရောက် ခဲ့ကြပြီး မွန်းတည့် (၁၂) နာရီအချိန်အထိ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Zaw Zaw Win (Kalaw)