ထိုင်းအစိုးရက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ မိုဘိုင်းဖုန်းများကို ခြေရာခံရန်စီစဉ်

sim-cards

ခရီးသည်တွေကို အထူးပြုလုပ်လုပ်ထားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ အသုံးပြုစေပြီး ခြေရာခံစောင့်ကြည့်မှာပါ။ ထိုင်းအာဏာပိုင်တွေက နိုင်ငံကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်များအနက် အစိုးရက လိုအပ်ကြောင်း သတ်မှတ်ထားတဲ့ ခရီးသည်တွေကို အထူးပြုလုပ်လုပ်ထားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ အသုံးပြုစေပြီး ခြေရာခံ စောင့်ကြည့်ရန် စီစဉ်နေတယ်လို့ ဆိုပါတယ်။

ယခု အစီအစဉ်ကို ထိုင်းနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့အစည်းက မူအားဖြင့် သဘောတူညီ ထားကြောင်းလည်း သိရပါတယ်။ ထိုင်းအာဏာပိုင် တွေရဲ့ အစီအစဉ်က ကမ္ဘာလှည့်တွေရဲ့ လွတ်လပ်မှုကို ထိပါး ရာရောက်ကြောင်း ပြောကြားမှုအပေါ် မိုဘိုင်းဆက်သွယ်ရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ငြင်းဆိုထား ပါတယ်။

ယခု အစီအစဉ်ဟာ နိုင်ငံအတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုတွေကို သိရှိနိုင်ရန် ရည်ရွယ်ကြောင်း အဆိုပါ အဖွဲအစည်း က ဆိုပါတယ်။ ထိုင်းနိုင်ငံကို ယခုနှစ် အတွင်း ကမ္ဘာလှည့်ခရီးသည် ၁၉ သန်းကျော် လာရောက်ခဲ့ပြီး ဖြစ်ကြောင်း ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို ထိုင်းအစိုးရက အသုံးပြုစေမယ့် ဆင်းမ်ကတ်မှာ ခြေရာခံစောင့်ကြည့်နိုင်တဲ့ စနစ်ပါဝင်ပြီး ထိုစနစ်ကို အသုံးပြုသူက ပိတ်ပင်လို့မရအောင် စီစဉ် ထားကြောင်းလည်း သိရပါတယ်။

Source & Photo: Bangkok Post, BBC


Leave a Reply