ဝါးခယ်မမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် သြဂုတ်လ (၃) ရက် နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီ အစည်းအဝေးအား ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌက ဇူလိုင်လ (၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီအစည်းအဝေးတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ လမ်းညွှန်မှာကြားချက်များ၊ ပါတီဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်း၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ပါတီကော်မတီဝင်များမှ ပြန်လည် ဆွေးနွေးခြင်းနှင့် ရွှေလောင်းတာ ကြံ့ခိုင်မှု အနေအထားများနှင့် အထက် ပေကုန်းကျေးရွာ ကမ်းပြို/ရေတိုက်စားမှု အခြေအနေများအား အချိန်နှင့် တပြေးညီ ဆက်သွယ်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

Usdp Ayeyarwady Region News


Leave a Reply