သံတွဲမြို့နယ် သုခဝတီပရိယတ္တိစာသင်တိုက် (၁၈) ကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ညောင်ပင်သာရွာ သုခဝတီ ပရိယတ္တိ စာသင် တိုက်၌ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သြဂုတ် (၃) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းထောင် ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ စုစုပေါင်း အင်အား(၂၅၂)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်းမှ သင်္ကန်း(၁)စုံ၊ မြို့နယ်ပါတီမှ လှူဒါန်းသော သင်္ကန်း၊ ထီး၊ ဖိနပ်(၂)စုံစီအား မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်မှ လှူဒါန်းခဲ့ကြောင်း သိရသည်။