Tizen ဖုန်းများကို အာဖရိကတွင် ရောင်းချရန် Sumsung စီစဉ်နေ
Samsung သည် ၎င်း၏ Tizen အသုံးပြု ဖုန်းများကို အာဖရိက၌ ရောင်းချရန် စီစဉ်လျက်ရှိသည်။ သတင်း ဖော်ပြချက်သစ်အရ အသစ်ထွက်မည့် Samsung Z2 ကို တောင်အာဖရိက၊ နိုင်ဂျီးရီးယားနှင့် ကင်ညာကဲ့သို့သော အာဖရိကနိုင်ငံများအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် အာရှဈေးကွက် အချို့တွင်ပါ ရောင်းချသွားမည်ဟု သိရသည်။
အဆိုပါ စမတ်ဖုန်းရောင်းချမှုကို ယခုနှစ် အောက်တိုဘာလတွင် စတင်ဖွယ်ရှိသည်။
Z2 သည် 4G LTE အထောက်အပံ့နှင့် remote assistance feature ပါဝင်သည့် ပထမဦးဆုံး Tizen ဖုန်း ဖြစ်သည်။ သတင်းဖော်ပြချက်အရ ကင်ညာနိုင်ငံသည် 4G အသုံးပြုနိုင်ရန်အတွက် ၎င်း၏ 2G ကွန်ရက်ကို အဆင့်မြှင့်တင် လျက်ရှိပြီး နိုင်ဂျီးရီးယားကလည်း 4G အခြေခံအဆောက်အအုံကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။
Ref: GSMArena