ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌဦးဌေးဦး လုပ်ငန်းလမ်းညွှန်မှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇူလိုင်လ (၃၁) ရက် နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာ၌ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ “ပါတီအပေါ် သံယောဇဉ် ရှိကြသူတွေဖြစ်ကြတဲ့ အတွက် ယုံကြည်မှု၊ ယုံတဲ့အတိုင်း လက်တွေ့နည်းလမ်း ရှာဆောင်ရွက်တတ်တဲ့ခံယူမှု၊ မိမိတို့ယုံသလို မိမိတို့လုပ်သလို ပါတီဝင် မဟုတ်တဲ့ နယ်မြေပြည်သူတွေ လိုက်ပါလုပ်ဆောင်လာအောင် ဆောင်ရွက် ကြရန်၊
အတွေးအခေါ်ညီညွတ်မှုရှိသူများ၊ အလုပ်ညီညွတ်မှုရှိသူများ ဖြစ်ကြတဲ့အတွက် ပါတီအကျိုးကို ရှေးရှုပြီး ပိုမိုကျစ်လစ်ခိုင်မာတဲ့ ပါတီတွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန်၊
မိမိတို့ပါတီရဲ့ နယ်မြေနဲ့ နယ်မြေလူထုအကျိုးအတွက် ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပေးရန် ရည်မှန်းထားမှုများကို နယ်မြေလူထု နားလည်သဘောပေါက်အောင်၊ လိုက်ပါဆောင်ရွက်လာ အောင် ကြိုးပမ်း အကောင်အထည်ဖေါ်ဆောင်ရွက်ကြရန်၊
ဧရာဝတီတိုင်းအတွင်း မြစ်ရေမြင့်တက်လာမှုများအပေါ် လိုအပ်ချိန်မှာ ရည်မှန်းချက်တူသူများနှင့် ပူးပေါင်း လက်တွဲပြီး ပါဝင်ကူညီနိုင်အောင် နယ်မြေအလိုက် စုဖွဲ့ပြင်ဆင်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
Credit – Kohtein Win