အိပ်ယာပေါ်မှ သိန်းပေါင်းများစွာသော ပိုမွှားများကို ဖယ်ရှားနည်း
ကျန်းမာရေးအကြောင်းများကို ဖော်ပြပေးနေတဲ့ တရုတ်ပြည်မှ China Health Care ဆိုတဲ့ စာမျက်နှာတစ်ခုပေါ်မှာ တင်ထားတဲ့ အိပ်ယာပေါ်မှ ပိုးမွှားများကို အလွယ်တကူ ရှင်းလင်းနည်းကို ပြန်လည်ရေးသား မျှဝေပေးလိုက် ပါတယ်။
မိမိတို့နေ့စဉ်အိပ်နေတဲ့ အိပ်ယာပေါ်မှ ဂွမ်းစောင်များ၊ ရိုးရိုးစောင်များ၊ အိပ်ယာခင်းများနဲ့ ခေါင်းအုံးတို့မှာ သာမန် မျက်စိဖြင့်မမြင်နိုင်တဲ့ သိန်းပေါင်းများစွာသော ပိုးမွှားများ ရှိနေကြပါတယ်။ အိတ်ပျော်နေစဉ် ထွက်တတ်တဲ့ လူတွေရဲ့ ချွေးနဲ့အဆီတွေကြောင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် စောင်၊ ခေါင်းအုံး၊ အိပ်ယာခင်းတို့ကို မကြာခဏ နေပူထဲလှန်းပေးကြဖို့ ဆရာဝန်များက တိုက်တွန်း နေကြတာ ဖြစ်ပါတယ်။
နေပူထဲ ထုတ်လှန်းပြီးဆိုရင်လည်း အချို့အသက်ပြင်းတဲ့ ပိုးမွှားတွေဟာ ဒီအတိုင်းလှန်းပေးရုံနဲ့ မသေနိုင်ပါဘူး။ ဒါ့ကြောင့် ကျွတ်ကျွတ်အိတ်အမဲရောင်ကို စွပ်ထား၊ အုပ်ထားပြီးမှ နေပူလှန်းပေးလျှင် အပူရှိန်ဒီဂရီကို ပိုမိုမြင့်တက် စေနိုင်ပြီး ပိုးမွှားများကို လျှင်မြန်စွာသေစေနိုင်ပါတယ်။
နေပူထဲကို အနည်းဆုံး ၁ နာရီကျော်ခန့်ကြာအောင် လှန်းပြီးလျှင်ပြန်သိမ်းတဲ့အခါမှာလည်း ဖုံမှုန့်၊ သဲမှုန့်များနှင့် သေသွားသည့် ပိုးမွှားတို့ ရှင်းလင်းသွားစေရန် အုပ်ထားတဲ့ ကျွတ်ကျွတ်အိတ်ကိုဖယ်ပြီး အနည်းဆုံး ၄ ချက်၊ ၅ ချက်ခန့် ပုတ်ခါပြီးမှ ပြန်သိမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
မိမိတို့အိပ်ယာများကို သပ်ရပ်သန့်ရှင်းစွာဖြင့် နှစ်ခြိုက်စွာအိပ်စက်နိုင်ကြပါစေ။
ကိုးကား – Health Care For Your Family