စစ်တွေခရိုင်/မြို့နယ်ပါတီမှ ကျေးရွာပါတီဝင်မိသားစု ကျောင်းသားကျောင်းသူ များအတွက် စာရေးကိရိယာများ လှူဒါန်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်မိသားစု ကျောင်းသား ကျောင်းသူ (၈၃)ဦးအား ပညာရေးမြှင့်တင်နိုင်ရန် စာရေးကရိယာများကို စစ်တွေ ခရိုင်နှင့် မြို့နယ် ပေါင်းစပ်၍ ဇူလိုင်လ (၂၉) ရက် မွန်းလွဲ (၃) နာရီခွဲအချိန်က သွားရောက် လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ အတွင်းရေးမှူး ဒေါ်မြမြအေးနှင့် ကော်မတီဝင်များ၊ စစ်တွေမြို့နယ် အတွင်းရေးမှူး ဒေါ်အေးမာခင်နင့် ကော်မတီဝင်များ တက်ရောက်ပြီး လှူဒါန်းရာ ကျောင်းသားမိဘတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး စာရေးကရိယာများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Mya Mya Aye