“မတူညီသောစွမ်းရည်ရှိသူများကို ပါတီဝင်အင်အားစုကြီးဖြစ်လာအောင် ယုံကြည်မှုက စုစည်းထား ကြောင်း” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို (၂၈-၇-၂၀၁၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြီး အဆိုပါအခမ်းအနားတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ တက်ရောက် လာကြသည့် ပါတီဝင်များ၊ လုပ်ဖော်ကိုင်ဖက်များအား “မတူညီသော စွမ်းရည် ရှိသူများကို ပါတီအင်အားစုကြီးဖြစ်လာအောင် ယုံကြည်မှုက စုစည်းထား ကြောင်း” ပြောကြားခဲ့သည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ဆက်လက်ားပြောကြားရာတွင် “ ပြည်ခိုင်ဖြိုး ပါတီကို ပါတီဝင်များဖြင့် ထူထောင်ထားကြောင်း၊ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ချမှတ်ထားသော မူဝါဒ လုပ်ငန်းစဉ် များအပေါ် သက်ဝင်ယုံကြည်သော ပါတီဝင်များကို စုစည်းပြီး ဖွဲ့စည်းထား ပါကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဖွဲ့စည်းထားခြင်း မဟုတ် ကြောင်း၊ ပါတီဝင်များ၏ စွမ်းရည်၊ အရည်အချင်းများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြောင်း၊ မတူညီတာတွေစုဖွဲ့ထားခြင်းသည် ယုံကြည်ချက်ကြောင့် ဖြစ်ပြီး ယုံကြည်ချက်မပျောက်အောင်လည်း ကြိုးပမ်းဖို့လိုသလို မဆုံးရှုံးအောင် လည်း စောင့်ထိန်းသွားကြရန် ပါတီဝင်တိုင်းတွင် တာဝန်ရှိပါကြောင်း၊ ယုံကြည်ချက်အတိုင်းလည်း ဆက်လက်ဆောင်ရွက်သွားဖို့လိုကြောင်း၊

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း (၉၀) ကျော်ရှိပြီး မည်သည့်ပါတီမှ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း၊ နိုင်ငံတော်အတွက် မိမိတို့ ပါတီဝင်များ ယုံကြည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားရန်လိုပြီး ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင် လိုက်ပါဆောင်ရွက်နိုင်အောင် စည်းရုံးဖို့ လိုကြောင်း၊

ပါတီတစ်ခုရပ်တည်ရေးအတွက် ထိုက်သင့်တဲ့ ငွေကြေးရှိရမှာ ဖြစ်သော်လည်း ပါတီအနေဖြင့် အလုံးစုံ ဆောင်ရွက်နိုင်တဲ့ ငွေကြေးမရှိနိုင်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထိုက်သင့်သည့်လုပ်ကိုင်နိုင်စွမ်းရှိသော်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်း မဟုတ်တဲ့အတွက် အာဏာမရှိကြောင်း၊ ပါတီရဲ့ အဓိကစွမ်းအားဟာ စုစည်းညီညွတ်တဲ့ စည်းလုံးညီ ညွတ်မှုစွမ်းအား ဖြစ်ကြောင်း၊ အသင်းအဖြစ်တည်ရှိစဉ်ကတည်းက မိမိတို့ ယုံကြည်မျှော်မှန်း ခဲ့တဲ့ ဒီနေ့ ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်အောင် လက်တွေ့ပါဝင် အကောင်အထည် ဖော်ပေးခဲ့ပါကြောင်း၊

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများရဲ့ လူမှုစီးပွားတိုးတက်မြင့်မား ရေး၊ အချုပ်အခြာအာဏာ ပိုင်တဲ့ပြည်ထောင်စုနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် ပါတီဝင်များမှ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

အဆိုပအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေမှ ပါတီကော်မတီဝင်များ အပါအ၀င် စုစုပေါင်း အင်အား (၁၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply