ေဂ်႐ုဆလမ္ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး ပိတ္သိမ္း၊ ၿဗိတိန္သံတမန္ ၂၀ ဦး ထြက္ခြာမည္

ေဂ်႐ုဆလမ္ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး ပိတ္သိမ္း၊ ၿဗိတိန္သံတမန္ ၂၀ ဦး ထြက္ခြာမည္
=======================
အစၥေရးႏိုင္ငံ ေဂ်႐ုဆလမ္ၿမိဳ႕ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံးကလုပ္ငန္း ေအာက္တိုဘာ ၈ ရက္တြင္ လည္ပတ္မႈရပ္တန႔္သြားၿပီး ေကာင္စစ္ဝန္ခ်ဳပ္ အပါအဝင္ ၿဗိတိန္သံတမန္ ၂၀ ဦးတို႔သည္ တာဝန္သက္တမ္းအၿပီးသတ္ကာ ထြက္ခြာမည္ျဖစ္ေၾကာင္း အစၥေရး ႏိုင္ငံျခားေရးဝန္ႀကီး Gideon Saar က ထိုေန႔တြင္ပင္ လူမႈမီဒီယာ၌ ပို႔စ္ေရးသား၍ ေျပာၾကားခဲ့သည္။ အစၥေရးအစိုးရက ေဂ်႐ုဆလမ္ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံးကို ပိတ္သိမ္းရန္ တရားဝင္အခြင့္အာဏာရွိသည္ဟူေသာ အခ်က္ကို ၿဗိတိန္ဘက္က လက္မခံေၾကာင္း အတိအလင္း ေဖာ္ျပၿပီးျဖစ္သည္ဟု ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Miliband က ထိုေန႔တြင္ပင္ ေျပာၾကားခဲ့သည္။
ေကာင္စစ္ဝန္႐ုံးပိတ္သိမ္းျခင္းေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရး တစ္ဆင့္တိုး ဆိုး႐ြားလာျခင္းကို တားဆီးရန္အတြက္ လြန္ခဲ့ေသာ သီတင္းပတ္အတြင္း အစၥေရးဘက္ႏွင့္ ၿဗိတိန္အစိုးရတို႔သည္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ႏွစ္ဖက္သည္ ေအာက္တိုဘာ ၇ ရက္ ညပိုင္းတြင္ နားလည္မႈစာခြၽန္လႊာတစ္ရပ္ကို ရရွိခဲ့ေၾကာင္း Saar က ေျပာၾကားခဲ့သည္။ ေကာင္စစ္ဝန္႐ုံး အေဆာက္အအုံသည္ ၿဗိတိန္အစိုးရ၏ ပိုင္ဆိုင္မႈျဖစ္ၿပီး အစၥေရးဘက္က ထိုအေဆာက္အအုံအတြင္း လုပ္ငန္းအဖြဲ႕တစ္ဖြဲ႕ တည္ေထာင္ခြင့္ျပဳရန္ ၿဗိတိန္ဘက္အား သေဘာတူခဲ့ေသာ္လည္း ဝန္ထမ္းအင္အားကို သံတမန္ ၇ ဦးျဖင့္သာ ကန႔္သတ္ထားၿပီး လႈပ္ရွားသြားလာႏိုင္သည့္ နယ္ေျမေဒသမွာလည္း “အလြန္တရာ ကန႔္သတ္ခ်က္ရွိသည္” ဟု ဆိုသည္။
မ်က္ျမင္သက္ေသမ်ား၏ ေျပာၾကားခ်က္အရ ေဂ်႐ုဆလမ္ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး ဝန္ထမ္းမ်ားသည္ ထိုေန႔တြင္ ေကာင္စစ္ဝန္႐ုံး၏ ဆိုင္းဘုတ္တံဆိပ္ကို ဖယ္ရွားခဲ့ေၾကာင္း၊ ၿဗိတိန္ႏိုင္ငံအလံသည္ အေဆာက္အအုံအေပၚ၌ ဆက္လက္လႊင့္ထူေနဆဲျဖစ္ေၾကာင္း The Times of Israel သတင္းစာက ေဖာ္ျပထားသည္။
စက္တင္ဘာ ၈ ရက္က ၎ေၾကညာခဲ့ေသာ တန္ျပန္အေရးယူမႈဆိုင္ရာ အစီအမံ ၄ ခုလုံးကို အေကာင္အထည္ေဖာ္ၿပီးျဖစ္ေၾကာင္း Saar က ေျပာၾကားခဲ့သည္။ ေဂ်႐ုဆလမ္ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး ပိတ္သိမ္းျခင္းအျပင္ အျခားအစီအမံမ်ားတြင္ ၿဗိတိန္ကိုယ္စားလွယ္မ်ားကို “ႏိုင္ငံတကာ ဂါဇာေထာက္ပံ့ေရးစင္တာ IGSC” မွ ထုတ္ပယ္ျခင္း၊ ေဂ်ာ္ဒန္ျမစ္အေနာက္ဘက္ကမ္းတြင္ ပါလက္စတိုင္းအမ်ိဳးသားအာဏာပိုင္အဖြဲ႕၏ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို ေလ့က်င့္သင္ၾကားေပးသည့္ ၿဗိတိန္၏လႈပ္ရွားမႈကို ရပ္တန႔္ျခင္း၊ ၿဗိတိန္အရာရွိ ၁၂ ဦးကို အစၥေရးသို႔ ဝင္ေရာက္ခြင့္ ပိတ္ပင္ျခင္းတို႔ ပါဝင္သည္။
ၿဗိတိန္ဘက္သည္ အစၥေရးအစိုးရႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ေဂ်႐ုဆလမ္ရွိ ၿဗိတိန္ေကာင္စစ္ဝန္႐ုံး အေဆာက္အအုံကို ပိတ္သိမ္းမည္မဟုတ္ဘဲ ေအာက္တိုဘာ ၈ ရက္မွစ၍ ေဂ်႐ုဆလမ္ဆိုင္ရာ ၿဗိတိန္သံတမန္အေျခစိုက္ေနရာအျဖစ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ထိုမစ္ရွင္သည္ လြတ္လပ္စြာ လည္ပတ္ၿပီး အေရးႀကီးေသာ ဝန္ေဆာင္မႈမ်ားကို ဆက္လက္ေပးအပ္သြားမည္ျဖစ္ေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Miliband က ေၾကညာခ်က္တစ္ခု ေျပာၾကားခဲ့သည္။ -Ref: Xinhua
ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး ပိတ်သိမ်း၊ ဗြိတိန်သံတမန် ၂၀ ဦး ထွက်ခွာမည်
=======================
အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကလုပ်ငန်း အောက်တိုဘာ ၈ ရက်တွင် လည်ပတ်မှုရပ်တန့်သွားပြီး ကောင်စစ်ဝန်ချုပ် အပါအဝင် ဗြိတိန်သံတမန် ၂၀ ဦးတို့သည် တာဝန်သက်တမ်းအပြီးသတ်ကာ ထွက်ခွာမည်ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar က ထိုနေ့တွင်ပင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ပြောကြားခဲ့သည်။ အစ္စရေးအစိုးရက ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းရန် တရားဝင်အခွင့်အာဏာရှိသည်ဟူသော အချက်ကို ဗြိတိန်ဘက်က လက်မခံကြောင်း အတိအလင်း ဖော်ပြပြီးဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Miliband က ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။
ကောင်စစ်ဝန်ရုံးပိတ်သိမ်းခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုး ဆိုးရွားလာခြင်းကို တားဆီးရန်အတွက် လွန်ခဲ့သော သီတင်းပတ်အတွင်း အစ္စရေးဘက်နှင့် ဗြိတိန်အစိုးရတို့သည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သည် အောက်တိုဘာ ၇ ရက် ညပိုင်းတွင် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရရှိခဲ့ကြောင်း Saar က ပြောကြားခဲ့သည်။ ကောင်စစ်ဝန်ရုံး အဆောက်အအုံသည် ဗြိတိန်အစိုးရ၏ ပိုင်ဆိုင်မှုဖြစ်ပြီး အစ္စရေးဘက်က ထိုအဆောက်အအုံအတွင်း လုပ်ငန်းအဖွဲ့တစ်ဖွဲ့ တည်ထောင်ခွင့်ပြုရန် ဗြိတိန်ဘက်အား သဘောတူခဲ့သော်လည်း ဝန်ထမ်းအင်အားကို သံတမန် ၇ ဦးဖြင့်သာ ကန့်သတ်ထားပြီး လှုပ်ရှားသွားလာနိုင်သည့် နယ်မြေဒေသမှာလည်း “အလွန်တရာ ကန့်သတ်ချက်ရှိသည်” ဟု ဆိုသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းများသည် ထိုနေ့တွင် ကောင်စစ်ဝန်ရုံး၏ ဆိုင်းဘုတ်တံဆိပ်ကို ဖယ်ရှားခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံအလံသည် အဆောက်အအုံအပေါ်၌ ဆက်လက်လွှင့်ထူနေဆဲဖြစ်ကြောင်း The Times of Israel သတင်းစာက ဖော်ပြထားသည်။
စက်တင်ဘာ ၈ ရက်က ၎င်းကြေညာခဲ့သော တန်ပြန်အရေးယူမှုဆိုင်ရာ အစီအမံ ၄ ခုလုံးကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း Saar က ပြောကြားခဲ့သည်။ ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းခြင်းအပြင် အခြားအစီအမံများတွင် ဗြိတိန်ကိုယ်စားလှယ်များကို “နိုင်ငံတကာ ဂါဇာထောက်ပံ့ရေးစင်တာ IGSC” မှ ထုတ်ပယ်ခြင်း၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးသည့် ဗြိတိန်၏လှုပ်ရှားမှုကို ရပ်တန့်ခြင်း၊ ဗြိတိန်အရာရှိ ၁၂ ဦးကို အစ္စရေးသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းတို့ ပါဝင်သည်။
ဗြိတိန်ဘက်သည် အစ္စရေးအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး အဆောက်အအုံကို ပိတ်သိမ်းမည်မဟုတ်ဘဲ အောက်တိုဘာ ၈ ရက်မှစ၍ ဂျေရုဆလမ်ဆိုင်ရာ ဗြိတိန်သံတမန်အခြေစိုက်နေရာအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုမစ်ရှင်သည် လွတ်လပ်စွာ လည်ပတ်ပြီး အရေးကြီးသော ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Miliband က ကြေညာချက်တစ်ခု ပြောကြားခဲ့သည်။ -Ref: Xinhua



