ဖီဖာကမာၻ႔အဆင့္ထုတ္ျပန္မႈမွာ စပိန္အသင္း ဆက္လက္ဦးေဆာင္

ဖီဖာကမာၻ႔အဆင့္ထုတ္ျပန္မႈမွာ စပိန္အသင္း ဆက္လက္ဦးေဆာင္
============================
ကမာၻ႔ေဘာလုံးအဖြဲခ်ဳပ္(ဖီဖာ)ရဲ႕ ေအာက္တိုဘာက ကမာၻ႔အဆင့္ထုတ္ျပန္မႈမွာ စပိန္အသင္းက ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ခဲ့ေၾကာင္း သိရပါတယ္။
ၿပီးခဲ့တဲ့ ႏိုင္ငံတကာရက္သတၱပတ္အတြင္း လက္ေ႐ြးစင္အသင္းေတြရဲ႕ ေဘာလုံးပြဲေတြ ယွဥ္ၿပိဳင္ကစားခဲ့ၿပီးေနာက္ ဖီဖာကမာၻ႔အဆင့္ သတ္မွတ္ခ်က္အသစ္ကို ေအာက္တိုဘာ(၇)ရက္ မေန႔က ထုတ္ျပန္လိုက္တာပါ။
Nations League ၿပိဳင္ပြဲမွာ (၄)ပြဲစလုံး အႏိုင္ရခဲ့တဲ့ စပိန္အသင္းက ဖီဖာကမာၻ႔အဆင့္ နံပါတ္(၁)ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး စပိန္နည္းတူ ရာႏႈန္းျပည့္အႏိုင္ရခဲ့တဲ့ ေပၚတူဂီအသင္းကလည္း အဆင့္ႏွစ္ဆင့္ျမင့္တက္ကာ နံပါတ္(၅)ေနရာကို ေရာက္ရွိလာခဲ့ပါတယ္။
ဖီဖာကမာၻ႔အဆင့္ ထိပ္ဆုံး(၁၀)သင္းစာရင္းက အေျပာင္းအလဲမရွိခဲ့ဘဲ ၂၀၂၆ ကမာၻ႔ဖလားခ်န္ပီယံ စပိန္အသင္းရဲ႕ေနာက္မွာ အာဂ်င္တီးနား၊ ျပင္သစ္၊ အဂၤလန္၊ ေပၚတူဂီ၊ ဘရာဇီးလ္၊ ေမာ္႐ိုကို၊ ဘယ္လ္ဂ်ီယံ၊ နယ္သာလန္နဲ႔ မကၠဆီကိုတို အစဥ္လိုက္ရပ္တည္ေနပါတယ္။
ဒီလမွာ အဆင့္အတက္ဆုံးအသင္းက ရဝမ္ဒါျဖစ္ၿပီး အဆင့္အက်ဆုံးအသင္းက ဆီယာရာလီယြန္ ျဖစ္ပါတယ္။
ျမန္မာအသင္းကေတာ့ တစ္ဆင့္က်ၿပီး ဖီဖာကမာၻ႔အဆင့္ (၁၅၉)ေနရာကို ေရာက္ရွိခဲ့ပါတယ္။
ဖီဖာကမာၻ႔အဆင့္ အနိမ့္ဆုံးအသင္းကေတာ့ အဆင့္(၂၁၁)ေနရာက ဆန္မာရီႏိုအသင္း ျဖစ္ပါတယ္။
ဖီဖာကမ္ဘာ့အဆင့်ထုတ်ပြန်မှုမှာ စပိန်အသင်း ဆက်လက်ဦးဆောင်
============================
ကမ္ဘာ့ဘောလုံးအဖွဲချုပ်(ဖီဖာ)ရဲ့ အောက်တိုဘာက ကမ္ဘာ့အဆင့်ထုတ်ပြန်မှုမှာ စပိန်အသင်းက ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်း လက်ရွေးစင်အသင်းတွေရဲ့ ဘောလုံးပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်အသစ်ကို အောက်တိုဘာ(၇)ရက် မနေ့က ထုတ်ပြန်လိုက်တာပါ။
Nations League ပြိုင်ပွဲမှာ (၄)ပွဲစလုံး အနိုင်ရခဲ့တဲ့ စပိန်အသင်းက ဖီဖာကမ္ဘာ့အဆင့် နံပါတ်(၁)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး စပိန်နည်းတူ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းကလည်း အဆင့်နှစ်ဆင့်မြင့်တက်ကာ နံပါတ်(၅)နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ဖီဖာကမ္ဘာ့အဆင့် ထိပ်ဆုံး(၁၀)သင်းစာရင်းက အပြောင်းအလဲမရှိခဲ့ဘဲ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းရဲ့နောက်မှာ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီးလ်၊ မော်ရိုကို၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ မက္ကဆီကိုတို အစဉ်လိုက်ရပ်တည်နေပါတယ်။
ဒီလမှာ အဆင့်အတက်ဆုံးအသင်းက ရဝမ်ဒါဖြစ်ပြီး အဆင့်အကျဆုံးအသင်းက ဆီယာရာလီယွန် ဖြစ်ပါတယ်။
မြန်မာအသင်းကတော့ တစ်ဆင့်ကျပြီး ဖီဖာကမ္ဘာ့အဆင့် (၁၅၉)နေရာကို ရောက်ရှိခဲ့ပါတယ်။
ဖီဖာကမ္ဘာ့အဆင့် အနိမ့်ဆုံးအသင်းကတော့ အဆင့်(၂၁၁)နေရာက ဆန်မာရီနိုအသင်း ဖြစ်ပါတယ်။




