အ ေမ ရိ ကန္တြင္ အလုပ္လုပ္ခ်င္သည့္ ျပည္ ပ ေက်ာင္းသားမ်ား သင္တန္းတက္ရမည္

အ ေမ ရိ ကန္တြင္ အလုပ္လုပ္ခ်င္သည့္ ျပည္ ပ ေက်ာင္းသားမ်ား သင္တန္းတက္ရမည္
————————-
အေမရိကန္ ျပည္တြင္းလုံၿခဳံေရးဝန္ႀကီးဌာန(DHS)က ႏိုင္ငံတကာ ေက်ာင္းသားေတြအေနနဲ႔ အေမရိကန္မွာ အလုပ္လုပ္ခ်င္ရင္ သင္တန္းေၾကးအျဖစ္ အနည္းဆုံး ေဒၚလာ ၇၀,၀၀၀ ေပးေဆာင္ရမယ္ဆိုတဲ့ စည္းမ်ဥ္းသစ္ တစ္ရပ္ကို အဆိုျပဳလိုက္တယ္လို Reuters သတင္းမွာ ေဖာ္ျပပါတယ္။ ဒါဟာ ႏိုင္ငံျခားသား ဗီဇာကိုင္ေဆာင္သူ ေတြကို အစိုးရရဲ႕ ပိုမိုတင္းက်ပ္လိုက္တဲ့ ကိုင္တြယ္ေျဖရွင္းမႈေတြထဲက အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဒီအဆိုျပဳ ခ်က္အရ F-1 ဗီဇာကိုင္ေဆာင္ထားတဲ့ ေက်ာင္းသားေတြဟာ Optional Practical Training (OPT)လို ေခၚတဲ့ လုပ္ငန္းခြင္ ေလ့က်င့္သင္ၾကားမႈအတြက္ အသိအမွတ္ျပဳ အဖြဲ႕အစည္းတစ္ခုထံ ေဒၚလာ ၇၀,၀၀၀ ေပးေဆာင္ရ မွာျဖစ္ၿပီး ေနာက္ထပ္ အပိုေဆာင္း လုပ္ငန္းခြင္သင္တန္း တက္ေရာက္လိုရင္ ေဒၚလာ ၃၀,၀၀၀ ထပ္မံ ေပးေဆာင္ ရမွာ ျဖစ္ပါတယ္။ ျပည္တြင္းလုံၿခဳံေရးဝန္ႀကီးဌာန(DHS)ကေတာ့ ဒီစည္းမ်ဥ္းသစ္ေတြဟာ “လိမ္လည္လွည့္ျဖား မႈေတြကို တားဆီးဖို႔၊ လူဝင္မႈႀကီးၾကပ္ေရးစနစ္ရဲ႕ ခိုင္မာအားေကာင္းမႈကို ျမႇင့္တင္ဖို႔နဲ႔ အေမရိကန္ အလုပ္သမား ေတြကို ကာကြယ္ေပးဖို႔” ရည္႐ြယ္တာျဖစ္တယ္လို႔ ေျပာပါတယ္။ လက္ရွိ OPT စနစ္ေအာက္မွာေတာ့ ႏိုင္ငံျခား သား ေက်ာင္းသားေတြဟာ ေက်ာင္းတက္ေနစဥ္ ကာလအတြင္းမွာ တစ္ပတ္ကို နာရီ ၂၀ အထိ လုပ္ငန္းခြင္ ေလ့က်င့္သင္ၾကားခြင့္ ရရွိၾကသလို ေက်ာင္းဆင္းၿပီးေနာက္ပိုင္း ကန႔္သတ္ကာလတစ္ခုအထိလည္း အလုပ္လုပ္ခြင့္ ရရွိၾကပါတယ္။ သိပၸံ၊ နည္းပညာ၊ အင္ဂ်င္နီယာနဲ႔ သခ်ၤာဘာသာရပ္ဆိုင္ရာ ဘြဲရရွိထားသူေတြအတြက္ဆိုရင္ အခ်ိန္ပိုမို ရရွိၾကပါတယ္။ #one


အ မေ ရိ ကန်တွင် အလုပ်လုပ်ချင်သည့် ပြည်ပကျောင်းသားများ သင်တန်းတက်ရမည်
————————-
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန(DHS)က နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ အမေရိကန်မှာ အလုပ်လုပ်ချင်ရင် သင်တန်းကြေးအဖြစ် အနည်းဆုံး ဒေါ်လာ ၇၀,၀၀၀ ပေးဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းသစ် တစ်ရပ်ကို အဆိုပြုလိုက်တယ်လို Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ နိုင်ငံခြားသား ဗီဇာကိုင်ဆောင်သူ တွေကို အစိုးရရဲ့ ပိုမိုတင်းကျပ်လိုက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီအဆိုပြု ချက်အရ F-1 ဗီဇာကိုင်ဆောင်ထားတဲ့ ကျောင်းသားတွေဟာ Optional Practical Training (OPT)လို ခေါ်တဲ့ လုပ်ငန်းခွင် လေ့ကျင့်သင်ကြားမှုအတွက် အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုထံ ဒေါ်လာ ၇၀,၀၀၀ ပေးဆောင်ရ မှာဖြစ်ပြီး နောက်ထပ် အပိုဆောင်း လုပ်ငန်းခွင်သင်တန်း တက်ရောက်လိုရင် ဒေါ်လာ ၃၀,၀၀၀ ထပ်မံ ပေးဆောင် ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန(DHS)ကတော့ ဒီစည်းမျဉ်းသစ်တွေဟာ “လိမ်လည်လှည့်ဖြား မှုတွေကို တားဆီးဖို့၊ လူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ ခိုင်မာအားကောင်းမှုကို မြှင့်တင်ဖို့နဲ့ အမေရိကန် အလုပ်သမား တွေကို ကာကွယ်ပေးဖို့” ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ OPT စနစ်အောက်မှာတော့ နိုင်ငံခြား သား ကျောင်းသားတွေဟာ ကျောင်းတက်နေစဉ် ကာလအတွင်းမှာ တစ်ပတ်ကို နာရီ ၂၀ အထိ လုပ်ငန်းခွင် လေ့ကျင့်သင်ကြားခွင့် ရရှိကြသလို ကျောင်းဆင်းပြီးနောက်ပိုင်း ကန့်သတ်ကာလတစ်ခုအထိလည်း အလုပ်လုပ်ခွင့် ရရှိကြပါတယ်။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ ဘွဲရရှိထားသူတွေအတွက်ဆိုရင် အချိန်ပိုမို ရရှိကြပါတယ်။ #one