သဘာဝေျမဩဇာႏွင့္ EM ေဖ်ာ္ရည္ျပဳလုပ္နည္းသင္တန္းဖြင့္လွစ္ပို႔ခ်

သဘာဝေျမဩဇာႏွင့္ EM ေဖ်ာ္ရည္ျပဳလုပ္နည္းသင္တန္းဖြင့္လွစ္ပို႔ခ်
======================
မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနသည္ ေဒသတြင္းသီးႏွံစိုက္ပ်ိဳး ထုတ္လုပ္မႈက႑ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ ေက်းလက္ေနျပည္သူမ်ား လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ သဘာဝေျမဩဇာႏွင့္ EM ေဖ်ာ္ရည္ျပဳလုပ္နည္းသင္တန္းဖြင့္ပြဲကို ေအာက္တိုဘာလ ၇ ရက္တြင္ ဘုရားကုန္းေက်း႐ြာ ႐ြာလယ္ဓမၼာ႐ုံ၌ က်င္းပသည္။
ေရွးဦးစြာ မင္းဘူးခ႐ိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ခ႐ိုင္ဦးစီးမႉး ဦးခင္ေမာင္ေက်ာ္က အဖြင့္အမွာစကား ေျပာၾကားၿပီး ပြင့္ျဖဴၿမိဳ႕နယ္ စီမံခန႔္ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီဥကၠ႒ ဦးမင္းသူလင္းက သင္တန္းသားမ်ားအေနျဖင့္ ေဒသတြင္း သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ သင္တန္းမွ ပို႔ခ်သင္ၾကားေပး မည့္ သင္ခန္းစာမ်ားကို ဂ႐ုတစိုက္ေလ့လာမွတ္သား သင္ယူသြားၾကရန္ ရွင္းလင္းေျပာၾကားသည္။
ဆက္လက္၍ ပြင့္ျဖဴၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉး ဦးလွေဌးေမာင္က အသက္ေမြးဝမ္းေက်ာင္းအေထာက္ အကူျပဳ သဘာဝေျမဩဇာႏွင့္ EM ေဖ်ာ္ရည္ျပဳလုပ္နည္းသင္တန္း ဖြင့္လွစ္ရျခင္း၏ ရည္႐ြယ္ခ်က္အား ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက သင္တန္းသား၊ သင္တန္းသူမ်ားကို သင္တန္းတြင္အသုံးျပဳမည့္ သင္ေထာက္ကူပစၥည္းမ်ား ေပးအပ္သည္။ အဆိုပါသင္တန္းတြင္ သီးႏွံစိုက္ပ်ိဳးေရး၌ မျဖစ္မေန သိရွိလိုက္နာေဆာင္႐ြက္ရမည့္ သဘာဝေျမဩဇာျပဳလုပ္ပုံႏွင့္ သုံးစြဲနည္းစနစ္မ်ား၊ EM ေဖ်ာ္ရည္ျပဳလုပ္နည္းႏွင့္ သုံးစြဲနည္းစနစ္မ်ားကို သင္တန္းသား၊ သင္တန္းသူ ၂၀ ဦးျဖင့္ ေအာက္တိုဘာလ ၇ ရက္မွ ၉ ရက္အထိ သုံးရက္ၾကာ စာေတြ႕လက္ေတြ႕ သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ျမ၀တီ
သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ
======================
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသတွင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၇ ရက်တွင် ဘုရားကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူလင်းက သင်တန်းသားများအနေဖြင့် ဒေသတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းမှ ပို့ချသင်ကြားပေး မည့် သင်ခန်းစာများကို ဂရုတစိုက်လေ့လာမှတ်သား သင်ယူသွားကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်းကျောင်းအထောက် အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ အဆိုပါသင်တန်းတွင် သီးနှံစိုက်ပျိုးရေး၌ မဖြစ်မနေ သိရှိလိုက်နာဆောင်ရွက်ရမည့် သဘာဝမြေဩဇာပြုလုပ်ပုံနှင့် သုံးစွဲနည်းစနစ်များ၊ EM ဖျော်ရည်ပြုလုပ်နည်းနှင့် သုံးစွဲနည်းစနစ်များကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးဖြင့် အောက်တိုဘာလ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြ၀တီ




