သီးထပ္စိုက္ပ်ိဳးသည့္ေတာင္သူမ်ားအား ေခ်းေငြ ထပ္မံထုတ္ေခ်းမည္

သီးထပ္စိုက္ပ်ိဳးသည့္ေတာင္သူမ်ားအား ေခ်းေငြ ထပ္မံထုတ္ေခ်းမည္
=========================
ေျမတစ္မ်ိဳးတည္းမွာ သီးထပ္သီးႏွံအျဖစ္စိုက္ပ်ိဳးမယ့္ ေတာင္သူေတြအတြက္ တိုးျမႇင့္ေခ်းေငြႏႈန္းထားအတိုင္း ထပ္မံထုတ္ေခ်းသြားမယ္လို ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန၊ ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္က အသိေပး ေၾကညာပါတယ္။

သီးထပ္စိုက္ပ်ိဳးေရးေခ်းေငြ ထုတ္ေခ်းရာမွာ စပါး၊ အေစ့ထုတ္ေျပာင္း၊ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစင္းငုံ၊ ခ်ည္မွ်င္ရွည္ဝါနဲ႔ ခ်က္ႀကံ စတဲ့ အဓိကသီးႏွံ ၁၀ မ်ိဳးကို ထုတ္ေခ်းေပးသြားမွာျဖစ္ၿပီး ၂၀၂၆ ခုႏွစ္ ေဆာင္း ရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြ ထုတ္ေခ်းေပးမယ့္ ေအာက္တိုဘာလ ဒုတိယပတ္က စတင္ၿပီး သီးထပ္စိုက္ပ်ိဳးေရး ေခ်းေငြကို ထုတ္ေခ်းေပးသြားမွာ ျဖစ္တယ္လို ဆိုပါတယ္။

အဲဒါေၾကာင့္ ၂၀၂၆ ခုႏွစ္ ေဆာင္းရာသီမွာ သီးထပ္စိုက္ပ်ိဳးမယ့္ ေတာင္သူေတြအေနနဲ႔ သက္ဆိုင္ရာ ျမန္မာ့ လယ္ယာဖြံၿဖိဳးေရးဘဏ္၊ ခ႐ိုင္/ၿမိဳနယ္ဘဏ္ခြဲေတြနဲ႔ ဆက္သြယ္ေဆာင္႐ြက္ႏိုင္တယ္လို အသိေပး ေၾကညာထား ပါတယ္။

ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန၊ ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္အေနနဲ႔ ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္ မိုးရာသီေခ်းေငြ ကာလကစၿပီး စပါး၊ ဂ်ဳံနဲ႔ ခ်ည္မွ်င္ရွည္ဝါ တစ္ဧကကို က်ပ္ ၁၅၀၀၀၀ ကေန က်ပ္ ၃၀၀၀၀၀၊ တျခားသီးႏွံ (၁၈)မ်ိဳးအတြက္ တစ္ဧကကို က်ပ္ ၁၀၀၀၀၀ ကေန က်ပ္ ၂၅၀၀၀၀၊ ပန္းႏွမ္း၊ ဆီမုန္ညင္း၊ ဂုန္ေလွ်ာ္ တစ္ဧကကို က်ပ္ ၁၀၀၀၀၀ ကေန က်ပ္ ၁၅၀၀၀၀ တိုးျမႇင့္ထုတ္ေခ်းေနတာ ျဖစ္ပါတယ္။


သီးထပ်စိုက်ပျိုးသည့်တောင်သူများအား ချေးငွေ ထပ်မံထုတ်ချေးမည်
=========================
မြေတစ်မျိုးတည်းမှာ သီးထပ်သီးနှံအဖြစ်စိုက်ပျိုးမယ့် တောင်သူတွေအတွက် တိုးမြှင့်ချေးငွေနှုန်းထားအတိုင်း ထပ်မံထုတ်ချေးသွားမယ်လို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေး ကြေညာပါတယ်။

သီးထပ်စိုက်ပျိုးရေးချေးငွေ ထုတ်ချေးရာမှာ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါနဲ့ ချက်ကြံ စတဲ့ အဓိကသီးနှံ ၁၀ မျိုးကို ထုတ်ချေးပေးသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဆောင်း ရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမယ့် အောက်တိုဘာလ ဒုတိယပတ်က စတင်ပြီး သီးထပ်စိုက်ပျိုးရေး ချေးငွေကို ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို ဆိုပါတယ်။

အဲဒါကြောင့် ၂၀၂၆ ခုနှစ် ဆောင်းရာသီမှာ သီးထပ်စိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ သက်ဆိုင်ရာ မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ်၊ ခရိုင်/မြိုနယ်ဘဏ်ခွဲတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို အသိပေး ကြေညာထား ပါတယ်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးရာသီချေးငွေ ကာလကစပြီး စပါး၊ ဂျုံနဲ့ ချည်မျှင်ရှည်ဝါ တစ်ဧကကို ကျပ် ၁၅၀၀၀၀ ကနေ ကျပ် ၃၀၀၀၀၀၊ တခြားသီးနှံ (၁၈)မျိုးအတွက် တစ်ဧကကို ကျပ် ၁၀၀၀၀၀ ကနေ ကျပ် ၂၅၀၀၀၀၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော် တစ်ဧကကို ကျပ် ၁၀၀၀၀၀ ကနေ ကျပ် ၁၅၀၀၀၀ တိုးမြှင့်ထုတ်ချေးနေတာ ဖြစ်ပါတယ်။