FIFA ASEAN Cup ၿပိဳင္ပြဲမွာ အင္ဒိုနီးရွားအသင္း ဗိုလ္စြဲ

FIFA ASEAN Cup ၿပိဳင္ပြဲမွာ အင္ဒိုနီးရွားအသင္း ဗိုလ္စြဲ
=======================
ပထမဆုံးအႀကိမ္ က်င္းပတဲ့ FIFA ASEAN Cup ၿပိဳင္ပြဲမွာ အိမ္ရွင္ အင္ဒိုနီးရွားအသင္းက အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ အင္ဒိုနီးရွားအသင္းနဲ႔ ထိုင္းအသင္းတို ေတြ႕ဆုံခဲ့ၿပီး အခ်ိန္ပို မိနစ္ ၃၀ အၿပီးထိ ႏွစ္ဂိုးစီ သေရက်ေနလို ပယ္နယ္တီကန္ရာမွာ အင္ဒိုနီးရွားအသင္းက ၄-၂ ဂိုးနဲ႔ ခ်န္ပီယံျဖစ္ခဲ့တာပါ။ ၈၁ မိနစ္မွာ ထိုင္းကစားသမား မစ္ကယ္လ္ဆင္ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံရလို လက္က်န္မိနစ္ေတြမွာ ၁၀ ေယာက္တည္းနဲ႔ ကစားခဲ့ရပါတယ္။ အင္ဒိုနီးရွားအေနနဲ႔ ထိုင္းအသင္းကို ၂၀၁၆ ဒီဇင္ဘာလက ေနာက္ဆုံးအႏိုင္ရၿပီးေနာက္ အခုပြဲမွာ ႏိုင္ပြဲျပန္ရခဲ့တာျဖစ္တယ္။ ဒီကာလအတြင္း ယခင္ေတြ႕ဆုံမႈ ခုနစ္ပြဲမွာ အင္ဒိုနီးရွားအသင္းဟာ သုံးပြဲသေရက်ၿပီး ေလးပြဲ ရႈးနိမ့္ခဲ့တာျဖစ္တယ္။ တတိယေနရာလုပြဲမွာေတာ့ မေလးရွားအသင္းက ဗီယက္နမ္အသင္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒုတိယတန္းစားၿပိဳင္ပြဲျဖစ္တဲ့ FIFA ASEAN Challenge Cup ၿပိဳင္ပြဲမွာ ေဟာင္ေကာင္အသင္းက ကေမာၻဒီးယားအသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ရကာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ #Eleven
FIFA ASEAN Cup ပြိုင်ပွဲမှာ အင်ဒိုနီးရှားအသင်း ဗိုလ်စွဲ
=======================
ပထမဆုံးအကြိမ် ကျင်းပတဲ့ FIFA ASEAN Cup ပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ထိုင်းအသင်းတို တွေ့ဆုံခဲ့ပြီး အချိန်ပို မိနစ် ၃၀ အပြီးထိ နှစ်ဂိုးစီ သရေကျနေလို ပယ်နယ်တီကန်ရာမှာ အင်ဒိုနီးရှားအသင်းက ၄-၂ ဂိုးနဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ၈၁ မိနစ်မှာ ထိုင်းကစားသမား မစ်ကယ်လ်ဆင် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရလို လက်ကျန်မိနစ်တွေမှာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ထိုင်းအသင်းကို ၂၀၁၆ ဒီဇင်ဘာလက နောက်ဆုံးအနိုင်ရပြီးနောက် အခုပွဲမှာ နိုင်ပွဲပြန်ရခဲ့တာဖြစ်တယ်။ ဒီကာလအတွင်း ယခင်တွေ့ဆုံမှု ခုနစ်ပွဲမှာ အင်ဒိုနီးရှားအသင်းဟာ သုံးပွဲသရေကျပြီး လေးပွဲ ရှုးနိမ့်ခဲ့တာဖြစ်တယ်။ တတိယနေရာလုပွဲမှာတော့ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ FIFA ASEAN Challenge Cup ပြိုင်ပွဲမှာ ဟောင်ကောင်အသင်းက ကမ္ဘောဒီးယားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ #Eleven




