ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးခင္ရီ ၂၀၂၅ – ၂၀၂၆ ပညာသင္ႏွစ္တြင္ Grade – 12 ေျဖဆိုေအာင္ျမင္ခဲ့ေသာ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ပါတီဝင္မိသားစုမ်ား၏ သားသမီးမ်ားအား ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ခ်ီးျမႇင့္

ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးခင္ရီ ၂၀၂၅ – ၂၀၂၆ ပညာသင္ႏွစ္တြင္ Grade – 12 ေျဖဆိုေအာင္ျမင္ခဲ့ေသာ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ပါတီဝင္မိသားစုမ်ား၏ သားသမီးမ်ားအား ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ခ်ီးျမႇင့္
===========
စက္တင္ဘာ ၂၇၊ ေဇယ်ာသီရိ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၆ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္ ပါတီ႐ုံးခန္းမ၌ က်င္းပျပဳလုပ္သည့္ ၂၀၂၅ – ၂၀၂၆ ပညာသင္ႏွစ္တြင္ Grade – 12 ေျဖဆိုေအာင္ျမင္ခဲ့ေသာ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ပါတီဝင္မိသားစုမ်ား၏ သားသမီးမ်ားအား ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ၿပီး ဆုမ်ားခ်ီးျမႇင့္ခဲ့ပါသည္။

အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားပါသည္။ ေျပာၾကားရာတြင္ “ ယေန႔အခမ္းအနားဟာ အလြန္အင္မတန္မွ မဂၤလာရွိေသာ အခမ္းအနားျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲကာလက ေျပာခဲ့သလို ဒီနယ္ေျမဟာ ဇာတိေျမလို ျဖစ္တယ္လို႔ ဘယ္ေတာ့မွ မခြဲထြက္ဘူးလို႔ ေျပာခဲ့သလို ဒီေန႔ ေဇယ်ာသီရိၿမိဳ႕နယ္ကေန Grade – 12 ကို ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္ခဲ့လို ေဇယ်ာသီရိနယ္သားတစ္ေယာက္အေနနဲ႔ လာေရာက္ခ်ီးျမႇင့္တာျဖစ္ေၾကာင္း၊ ဒီေန႔ ခ်ီးျမႇင့္တာဆိုရင္ ပါတီဝင္မိသားစုေတြထဲက ၅၄ ေယာက္၊ ႐ိုး႐ိုးေအာင္ျမင္တာကစ ဂုဏ္ထူးရၿပီး ထူးခြၽန္စြာေအာင္ျမင္ခဲ့သူ နယ္ေျမအတြင္းက ၃၈ ေယာက္ စုစုေပါင္း ၉၂ ေယာက္ရွိၿပီး ငါးဘာသာရသည္အထိ ေအာင္ျမင္ခဲ့ၾကေၾကာင္း၊ Grade – 12 ၿပီးေျမာက္ျခင္းဟာ ေက်ာင္းသားတစ္ဦးအတြက္ အနာဂတ္ခရီးလမ္းကို စတင္တံခါးဖြင့္ေပးသည့္ အခ်ိန္အခါျဖစ္ၿပီး ေရွ႕ဆက္မည့္လမ္းေၾကာင္းကို မွန္ကန္စြာေလွ်ာက္လွမ္းရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္မွလည္း ပညာေရးက႑ကို ဘက္စုံေထာင့္စုံကေန အထူးအားေပးေဆာင္႐ြက္ေနေၾကာင္း၊ ရရွိခဲ့ေသာေအာင္ျမင္မႈမ်ားအတြက္ မိဘမ်ားႏွင့္ ဆရာ၊ ဆရာမမ်ား၏ သြန္သင္ဆုံးမ သင္ၾကားျပသမႈကိုလည္း အသိအမွတ္ျပဳၾကရမည္ျဖစ္ေၾကာင္း၊ လူငယ္အ႐ြယ္ေတြေရာက္လာခဲ့ၿပီျဖစ္လို႔ လူငယ္ေတြဟာ ႏိုင္ငံ၏ အနာဂတ္အတြက္ အေရးပါသည့္ လူ႔စြမ္းအားအရင္းအျမစ္မ်ားျဖစ္သျဖင့္ မိမိတို႔ရရွိသည့္ အခြင့္အလမ္းမ်ားကို ထိေရာက္စြာအသုံးခ်ကာ ပညာဆက္လက္သင္ယူၿပီး မိသားစု၊ ေဒသႏွင့္ ႏိုင္ငံအတြက္ အက်ိဳးျပဳႏိုင္သူမ်ား ျဖစ္လာရန္ လိုေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးလိုအပ္ခ်က္ တင္ျပထားမႈမ်ားအား ေဆာင္႐ြက္ထားရွိေၾကာင္း ” ေျပာၾကားခဲ့သည္။

ထို႔ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ၊ ျပည္ေထာင္စုနယ္ေျမ ပါတီဥကၠ႒ ဦးလွေဆြ၊ ျပည္ေထာင္စုနယ္ေျမ ပါတီနာယက ဦးခင္ေမာင္ေဌး၊ ျပည္ေထာင္စုနယ္ေျမ ပါတီအတြင္းေရးမႉး ဦးဝင္းေဌး၊ ျပည္ေထာင္စုနယ္ေျမ ေကာ္မတီဝင္ ဦးဖိုးသိန္းတို႔က ၂၀၂၅ – ၂၀၂၆ ပညာသင္ႏွစ္တြင္ Grade – 12 ထူးခြၽန္စြာ ေျဖဆိုေအာင္ျမင္ခဲ့ေသာ ေက်ာင္းသူ ေက်ာင္းသားမ်ားအား ဆုမ်ားခ်ီးျမႇင့္ ေပးအပ္ခဲ့သည့္အျပင္ ဥကၠ႒ ဦးခင္ရီႏွင့္ မိသားစုတိုက ေဇယ်ာသီရိၿမိဳနယ္ေျမအတြင္းမွ ေဆးတကၠသိုလ္တက္ေရာက္ေနေသာ ေက်ာင္းသူတစ္ဦးအတြက္လည္း ခ်ီးျမႇင့္ခဲ့ၾကၿပီး ေန႔လည္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနား ၿပီးေျမာက္ခဲ့ပါသည္။

အဆိုပါဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ၊ ျပည္ေထာင္စုနယ္ေျမ ပါတီဥကၠ႒ ဦးလွေဆြ၊ ျပည္ေထာင္စုနယ္ေျမ ပါတီနာယက ဦးခင္ေမာင္ေဌး၊ ျပည္ေထာင္စုနယ္ေျမ ပါတီအတြင္းေရးမႉး ဦးဝင္းေဌး၊ ျပည္ေထာင္စုနယ္ေျမ ပါတီေကာ္မတီေကာ္မတီဝင္မ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္မ်ားက ပါတီတာဝန္ရွိသူမ်ား၊ ေက်ာင္းသားေက်ာင္းသူ (၉၂)ဦးႏွင့္ မိဘမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် Grade – 12 ဖြေဆိုအောင်မြင်ခဲ့သော ဇေယျာသီရိမြို့နယ်အတွင်းရှိ ပါတီဝင်မိသားစုများ၏ သားသမီးများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
===========
စက်တင်ဘာ ၂၇၊ ဇေယျာသီရိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် Grade – 12 ဖြေဆိုအောင်မြင်ခဲ့သော ဇေယျာသီရိမြို့နယ်အတွင်းရှိ ပါတီဝင်မိသားစုများ၏ သားသမီးများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားပါသည်။ ပြောကြားရာတွင် “ ယနေ့အခမ်းအနားဟာ အလွန်အင်မတန်မှ မင်္ဂလာရှိသော အခမ်းအနားဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလက ပြောခဲ့သလို ဒီနယ်မြေဟာ ဇာတိမြေလို ဖြစ်တယ်လို့ ဘယ်တော့မှ မခွဲထွက်ဘူးလို့ ပြောခဲ့သလို ဒီနေ့ ဇေယျာသီရိမြို့နယ်ကနေ Grade – 12 ကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့လို ဇေယျာသီရိနယ်သားတစ်ယောက်အနေနဲ့ လာရောက်ချီးမြှင့်တာဖြစ်ကြောင်း၊ ဒီနေ့ ချီးမြှင့်တာဆိုရင် ပါတီဝင်မိသားစုတွေထဲက ၅၄ ယောက်၊ ရိုးရိုးအောင်မြင်တာကစ ဂုဏ်ထူးရပြီး ထူးချွန်စွာအောင်မြင်ခဲ့သူ နယ်မြေအတွင်းက ၃၈ ယောက် စုစုပေါင်း ၉၂ ယောက်ရှိပြီး ငါးဘာသာရသည်အထိ အောင်မြင်ခဲ့ကြကြောင်း၊ Grade – 12 ပြီးမြောက်ခြင်းဟာ ကျောင်းသားတစ်ဦးအတွက် အနာဂတ်ခရီးလမ်းကို စတင်တံခါးဖွင့်ပေးသည့် အချိန်အခါဖြစ်ပြီး ရှေ့ဆက်မည့်လမ်းကြောင်းကို မှန်ကန်စွာလျှောက်လှမ်းရန်လိုကြောင်း၊ နိုင်ငံတော်မှလည်း ပညာရေးကဏ္ဍကို ဘက်စုံထောင့်စုံကနေ အထူးအားပေးဆောင်ရွက်နေကြောင်း၊ ရရှိခဲ့သောအောင်မြင်မှုများအတွက် မိဘများနှင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမ သင်ကြားပြသမှုကိုလည်း အသိအမှတ်ပြုကြရမည်ဖြစ်ကြောင်း၊ လူငယ်အရွယ်တွေရောက်လာခဲ့ပြီဖြစ်လို့ လူငယ်တွေဟာ နိုင်ငံ၏ အနာဂတ်အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သဖြင့် မိမိတို့ရရှိသည့် အခွင့်အလမ်းများကို ထိရောက်စွာအသုံးချကာ ပညာဆက်လက်သင်ယူပြီး မိသားစု၊ ဒေသနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်သူများ ဖြစ်လာရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် တင်ပြထားမှုများအား ဆောင်ရွက်ထားရှိကြောင်း ” ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးလှဆွေ၊ ပြည်ထောင်စုနယ်မြေ ပါတီနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဝင်းဌေး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဖိုးသိန်းတို့က ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် Grade – 12 ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသူ ကျောင်းသားများအား ဆုများချီးမြှင့် ပေးအပ်ခဲ့သည့်အပြင် ဥက္ကဋ္ဌ ဦးခင်ရီနှင့် မိသားစုတိုက ဇေယျာသီရိမြိုနယ်မြေအတွင်းမှ ဆေးတက္ကသိုလ်တက်ရောက်နေသော ကျောင်းသူတစ်ဦးအတွက်လည်း ချီးမြှင့်ခဲ့ကြပြီး နေ့လည် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးလှဆွေ၊ ပြည်ထောင်စုနယ်မြေ ပါတီနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဝင်းဌေး၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များက ပါတီတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူ (၉၂)ဦးနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။