အမ်ိဳးသမီး ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စပိန္အသင္း ဒုတိယအႀကိမ္ေျမာက္ ဗိုလ္စြဲ

အမ်ိဳးသမီး ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စပိန္အသင္း ဒုတိယအႀကိမ္ေျမာက္ ဗိုလ္စြဲ
=========================
ပိုလန္ႏိုင္ငံမွာက်င္းပခဲ့တဲ့ ၂၀၂၆ အမ်ိဳးသမီး ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စပိန္အသင္းက  ဒုတိယအႀကိမ္ေျမာက္ ဗိုလ္စြဲခဲ့ပါတယ္။

ဗိုလ္လုပြဲမွာ စပိန္အသင္းဟာ လက္ရွိခ်န္ပီယံ ေျမာက္ကိုရီးယားနဲ႔ ဆုံေတြ႕ခဲ့ၿပီး သာမန္ပြဲကစားခ်ိန္အၿပီးထိ ဂိုးမရွိသေရက်ေနလို ပယ္နယ္တီအဆုံးအျဖတ္ကန္ရာမွာ ၄-၃ ဂိုးနဲ႔ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။

စပိန္အသင္းဟာ ၿပိဳင္ပြဲေနာက္ဆုံး ေလးႀကိမ္မွာ ဗိုလ္လုပြဲ သုံးႀကိမ္တက္ခဲ့ၿပီး ၂၀၂၂ ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။

ႏွစ္သင္းစလုံးမွာ ၂၀၂၄ အမ်ိဳးသမီး ယူ-၁၇ ကမာၻ႔ဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ ရင္ဆိုင္ခဲ့တဲ့ ကစားသမားအမ်ားအျပား ပါဝင္ခဲ့ၿပီး အဲဒီတုန္းကေတာ့ ေျမာက္ကိုရီးယားက စပိန္ကို ပယ္နယ္တီနဲ႔ အႏိုင္ယူဗိုလ္စြဲခဲ့ပါတယ္။

ေနာက္ဆုံးဆယ္စုႏွစ္အတြင္း စပိန္အသင္းဟာ အမ်ိဳးသမီးေဘာလုံးေလာကကို လႊမ္းမိုးထားၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲ တစ္ႀကိမ္၊ ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲ ႏွစ္ႀကိမ္၊ ယူ-၁၇ ကမာၻ႔ဖလားၿပိဳင္ပြဲ တစ္ႀကိမ္ ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။

၂၀၂၆ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆု၊ ဂိုးအမ်ားဆုံးဆု၊ ဂိုးသမားဆုေတြကို စပိန္အသင္းသားေတြကပဲ ဆြတ္ခူးခဲ့ပါတယ္။

ေျမာက္ကိုရီးယားအသင္းက အခုၿပိဳင္ပြဲမွာ ေပးဂိုးလုံးဝမရွိခဲ့ေပမဲ့ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ဒါေပမဲ့ ေျမာက္ကိုရီးယားအေနနဲ႔ ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆုံးအျဖစ္ ခ်န္ပီယံ ၃ ႀကိမ္၊ ဒုတိယ ၂ ႀကိမ္နဲ႔ ဂ်ာမနီကို ဒုတိယတစ္ႀကိမ္အသာရကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။


အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်း ဒုတိယအကြိမ်မြောက် ဗိုလ်စွဲ
=========================
ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၆ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းက  ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ စပိန်အသင်းဟာ လက်ရှိချန်ပီယံ မြောက်ကိုရီးယားနဲ့ ဆုံတွေ့ခဲ့ပြီး သာမန်ပွဲကစားချိန်အပြီးထိ ဂိုးမရှိသရေကျနေလို ပယ်နယ်တီအဆုံးအဖြတ်ကန်ရာမှာ ၄-၃ ဂိုးနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။

စပိန်အသင်းဟာ ပြိုင်ပွဲနောက်ဆုံး လေးကြိမ်မှာ ဗိုလ်လုပွဲ သုံးကြိမ်တက်ခဲ့ပြီး ၂၀၂၂ ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

နှစ်သင်းစလုံးမှာ ၂၀၂၄ အမျိုးသမီး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့တဲ့ ကစားသမားအများအပြား ပါဝင်ခဲ့ပြီး အဲဒီတုန်းကတော့ မြောက်ကိုရီးယားက စပိန်ကို ပယ်နယ်တီနဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။

နောက်ဆုံးဆယ်စုနှစ်အတွင်း စပိန်အသင်းဟာ အမျိုးသမီးဘောလုံးလောကကို လွှမ်းမိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်၊ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်၊ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

၂၀၂၆ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု၊ ဂိုးအများဆုံးဆု၊ ဂိုးသမားဆုတွေကို စပိန်အသင်းသားတွေကပဲ ဆွတ်ခူးခဲ့ပါတယ်။

မြောက်ကိုရီးယားအသင်းက အခုပြိုင်ပွဲမှာ ပေးဂိုးလုံးဝမရှိခဲ့ပေမဲ့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအဖြစ် ချန်ပီယံ ၃ ကြိမ်၊ ဒုတိယ ၂ ကြိမ်နဲ့ ဂျာမနီကို ဒုတိယတစ်ကြိမ်အသာရကာ ရပ်တည်နိုင်ခဲ့ပါတယ်။