အဂၤလန္အသင္းလူစာရင္း က ေန ကစားသမား ငါးဦး ႏုတ္ထြက္

အဂၤလန္အသင္းလူစာရင္း က ေန ကစားသမား ငါးဦး ႏုတ္ထြက္
====================
UEFA Nations League ပြဲမ်ားကစားမယ့္ အဂၤလန္လက္ေ႐ြးစင္အသင္းလူစာရင္းက ကစားသမား ငါးဦးအထိ ႏုတ္ထြက္ခဲ့ပါတယ္။ ကိုးလ္ပါလ္မာ၊ ရက္ဖိုဒ္၊ ဒက္ကလန္႐ိုက္၊ မိန္ႏူးနဲ႔ လစ္ဗရာမန္တိုတို ႏုတ္ထြက္ခဲ့တာျဖစ္တယ္။ အဂၤလန္အသင္းေဆးအဖြဲက ဒီကစားသမားငါးဦးကို ႏုတ္ထြက္ခြင့္ျပဳခဲ့ေပမဲ့ ဒဏ္ရာနဲ႔ပတ္သက္ၿပီး မေဖာ္ျပခဲ့ပါဘူး။ အဂၤလန္အသင္းနည္းျပ တူဟယ္လ္ဟာ ေနာ္တင္ဟမ္အသင္းက ဂစ္ဘ္ဝွိက္နဲ႔ အဲဗာတန္အသင္းက ဂါနာတိုကို ေခၚယူခဲ့ပါတယ္။ ၎တို႔ႏွစ္ဦးစလုံး မတ္လႏိုင္ငံတကာပြဲ လူစာရင္းမွာ ပါဝင္ခဲ့ေပမဲ့ ကမာၻ႔ဖလားအတြက္ ေ႐ြးခ်ယ္မခံခဲ့ရပါဘူး။ အဂၤလန္အသင္းဟာ စက္တင္ဘာလ ၂၆ ရက္မွာ စပိန္အသင္းနဲ႔ ဝင္ဘေလမွာ ကစားမွာျဖစ္ၿပီး စက္တင္ဘာ ၂၉ ရက္မွာ ခ်က္၊ ေအာက္တိုဘာ ၃ ရက္မွာ ခ႐ိုေအးရွားအသင္းနဲ႔ အေဝးကြင္း ကစားရမွာျဖစ္ကာ ေအာက္တိုဘာလ ၉ ရက္မွာေတာ့ ခ်က္အသင္းနဲ႔ အိမ္ကြင္းျပန္ကစားရမွာျဖစ္ပါတယ္။
အင်္ဂလန်အသင်းလူစာရင်း က နေ ကစားသမား ငါးဦး နုတ်ထွက်
====================
UEFA Nations League ပွဲများကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းက ကစားသမား ငါးဦးအထိ နုတ်ထွက်ခဲ့ပါတယ်။ ကိုးလ်ပါလ်မာ၊ ရက်ဖိုဒ်၊ ဒက်ကလန်ရိုက်၊ မိန်နူးနဲ့ လစ်ဗရာမန်တိုတို နုတ်ထွက်ခဲ့တာဖြစ်တယ်။ အင်္ဂလန်အသင်းဆေးအဖွဲက ဒီကစားသမားငါးဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပေမဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး မဖော်ပြခဲ့ပါဘူး။ အင်္ဂလန်အသင်းနည်းပြ တူဟယ်လ်ဟာ နော်တင်ဟမ်အသင်းက ဂစ်ဘ်ဝှိက်နဲ့ အဲဗာတန်အသင်းက ဂါနာတိုကို ခေါ်ယူခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးစလုံး မတ်လနိုင်ငံတကာပွဲ လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားအတွက် ရွေးချယ်မခံခဲ့ရပါဘူး။ အင်္ဂလန်အသင်းဟာ စက်တင်ဘာလ ၂၆ ရက်မှာ စပိန်အသင်းနဲ့ ဝင်ဘလေမှာ ကစားမှာဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်မှာ ချက်၊ အောက်တိုဘာ ၃ ရက်မှာ ခရိုအေးရှားအသင်းနဲ့ အဝေးကွင်း ကစားရမှာဖြစ်ကာ အောက်တိုဘာလ ၉ ရက်မှာတော့ ချက်အသင်းနဲ့ အိမ်ကွင်းပြန်ကစားရမှာဖြစ်ပါတယ်။




