11000mAh ဘက္ထရီသစ္ နဲ႔ လာမယ့္ Honor X9e Pro

11000mAh ဘက္ထရီသစ္ နဲ႔ လာမယ့္ Honor X9e Pro
=================================
Honor X9e Pro က အရင္မ်ိဳးဆက္ေတြရဲ႕ အၾကမ္းခံမႈကို အေမြဆက္ခံပါတယ္။ ဖုန္းနဲ႔ အခြံမာသီးေတြ ၊ ေႂကြျပားေတြကို ႐ိုက္ခြဲ ၊ သစ္သားထဲ သံ႐ိုက္တာမ်ိဳးက ႐ိုးေနၿပီလို႔ေတာင္ ေျပာႏိုင္ပါတယ္။
ဒီတစ္ခါေတာ့ ေလေသနတ္နဲ႔ ပလတ္စတစ္ က်ည္ထည့္ပစ္တာေတာင္ ဖုန္းမွန္က ေအးေဆးအလုပ္လုပ္ေနႏိုင္တာကို ေတြ႕ရပါတယ္။ အရင္ဖုန္းေတြတုန္းက ေရေႏြးပူပူထဲ ထည့္စိမ္ျပခဲ့သလို ဒီေမာ္ဒယ္မွာလည္း ေရေအာက္ဓါတ္ပုံ ႐ိုက္ကူးေရးစနစ္ေတြနဲ႔ ျဖစ္လာေတာ့မွာပါ။
ကင္မရာကေတာ့ dual-camera setup နဲ႔ လာၿပီး 108MP main sensor ကို သုံးပါလိမ့္မယ္။ Honor X9e Pro ရဲ႕ ထူးျခားခ်က္က ရွားရွားပါးပါး အႀကီးစား 11000mAh ဘက္ထရီကို သုံးတာပါ။
ဒီဘက္ထရီကို အားသြင္းဖို႔ 80W fast charging သုံးပါလိမ့္မယ္။ 11000mAh ဘက္ထရီပါဝါက ၃ ရက္ေလာက္ သုံးႏိုင္တဲ့ power bank တစ္ပိုင္း ဘက္ထရီပါ။
Honor X9e Pro ရဲ႕ ေနာက္ထူးျခားခ်က္က ၿပိဳင္ဘက္ဖုန္းေတြထက္ ၆၇% ပိုေတာက္ပတဲ့ display ျဖစ္ၿပီး 10000nits ေတာက္ပမႈနဲ႔ လာဖို႔ ရွိပါတယ္။ တရားဝင္အခ်က္အလက္ေတြကိုေတာ့ စက္တင္ဘာ ၂၄ ရက္ေန႔မွာ ၾကားရမွာပါ။ #Duwun
11000mAh ဘက်ထရီသစ် နဲ့ လာမယ့် Honor X9e Pro
=================================
Honor X9e Pro က အရင်မျိုးဆက်တွေရဲ့ အကြမ်းခံမှုကို အမွေဆက်ခံပါတယ်။ ဖုန်းနဲ့ အခွံမာသီးတွေ ၊ ကြွေပြားတွေကို ရိုက်ခွဲ ၊ သစ်သားထဲ သံရိုက်တာမျိုးက ရိုးနေပြီလို့တောင် ပြောနိုင်ပါတယ်။
ဒီတစ်ခါတော့ လေသေနတ်နဲ့ ပလတ်စတစ် ကျည်ထည့်ပစ်တာတောင် ဖုန်းမှန်က အေးဆေးအလုပ်လုပ်နေနိုင်တာကို တွေ့ရပါတယ်။ အရင်ဖုန်းတွေတုန်းက ရေနွေးပူပူထဲ ထည့်စိမ်ပြခဲ့သလို ဒီမော်ဒယ်မှာလည်း ရေအောက်ဓါတ်ပုံ ရိုက်ကူးရေးစနစ်တွေနဲ့ ဖြစ်လာတော့မှာပါ။
ကင်မရာကတော့ dual-camera setup နဲ့ လာပြီး 108MP main sensor ကို သုံးပါလိမ့်မယ်။ Honor X9e Pro ရဲ့ ထူးခြားချက်က ရှားရှားပါးပါး အကြီးစား 11000mAh ဘက်ထရီကို သုံးတာပါ။
ဒီဘက်ထရီကို အားသွင်းဖို့ 80W fast charging သုံးပါလိမ့်မယ်။ 11000mAh ဘက်ထရီပါဝါက ၃ ရက်လောက် သုံးနိုင်တဲ့ power bank တစ်ပိုင်း ဘက်ထရီပါ။
Honor X9e Pro ရဲ့ နောက်ထူးခြားချက်က ပြိုင်ဘက်ဖုန်းတွေထက် ၆၇% ပိုတောက်ပတဲ့ display ဖြစ်ပြီး 10000nits တောက်ပမှုနဲ့ လာဖို့ ရှိပါတယ်။ တရားဝင်အချက်အလက်တွေကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြားရမှာပါ။ #Duwun




