ေအာက္တိုဘာ ၁ ရက္မွစတင္၍ အေဝးသင္ေက်ာင္း သား/သူမ်ား စာေမးပြဲေျဖဆိုရမည္

ေအာက္တိုဘာ ၁ ရက္မွစတင္၍ အေဝးသင္ေက်ာင္း သား/သူမ်ား စာေမးပြဲေျဖဆိုရမည္
===================
ေအာက္တိုဘာ ၁ ရက္မွစတင္၍ အေဝးသင္တကၠသိုလ္တက္ေရာက္လ်က္ရွိသည့္ ေက်ာင္းသား/သူမ်ား စာ ေမးပြဲေျဖဆိုရမည္ဟု ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ ပညာဦးစီးဌာနက ယေန႔ စက္တင္ဘာ ၁၇ ရက္တြင္ အ သိေပးေၾကညာခဲ့သည္။
တကၠသိုလ္ႏွင့္ ဒီဂရီေကာလိပ္မ်ား၏ ၂၀၂၆ ပညာ သင္ႏွစ္၊ အေဝးသင္ သင္တန္းမ်ားျဖစ္သည့္ ပထမအ သုတ္ အေဝးသင္သိပၸံအထူးျပဳဘာသာရပ္မ်ားအား လုံးသည္ ေအာက္တိုဘာ ၁ ရက္မွ ေအာက္တိုဘာ ၇ ရက္အထိ ေျဖဆိုရမည္ျဖစ္သည္။
ထိုျပင္ ဒုတိယအသုတ္ အေဝးသင္ဝိဇၨာအထူးျပဳဘာ သာရပ္မ်ားျဖစ္ေသာ အဂၤလိပ္စာ၊ ဥပေဒ၊ ပထဝီ၊ စိတ္ ပညာ၊ အေရွ႕တိုင္းပညာ၊ ဒႆနိကေဗဒ ေက်ာင္းသား/သူမ်ားသည္ ေအာက္တိုဘာ ၂၂ ရက္မွ ေအာက္တိုဘာ ၃၀ ရက္အထိ ေျဖဆိုရမည္ျဖစ္သည္။
ထိုအတူ တတိယအသုတ္ အေဝးသင္ဝိဇၨာအထူးျပဳဘာသာရပ္မ်ားျဖစ္ေသာ ျမန္မာစာ၊ သမိုင္း၊ စီးပြားေရး ပညာ၊ စီးပြားစီမံပညာ ေက်ာင္းသား/သူမ်ားသည္ ႏိုဝင္ဘာ ၁၆ ရက္မွ ႏိုဝင္ဘာ ၂၅ ရက္အထိ ေျဖဆိုရမည္ျဖစ္သည္။
အောက်တိုဘာ ၁ ရက်မှစတင်၍ အဝေးသင်ကျောင်း သား/သူများ စာမေးပွဲဖြေဆိုရမည်
===================
အောက်တိုဘာ ၁ ရက်မှစတင်၍ အဝေးသင်တက္ကသိုလ်တက်ရောက်လျက်ရှိသည့် ကျောင်းသား/သူများ စာ မေးပွဲဖြေဆိုရမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် အ သိပေးကြေညာခဲ့သည်။
တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၆ ပညာ သင်နှစ်၊ အဝေးသင် သင်တန်းများဖြစ်သည့် ပထမအ သုတ် အဝေးသင်သိပ္ပံအထူးပြုဘာသာရပ်များအား လုံးသည် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
ထိုပြင် ဒုတိယအသုတ် အဝေးသင်ဝိဇ္ဇာအထူးပြုဘာ သာရပ်များဖြစ်သော အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီ၊ စိတ် ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ ကျောင်းသား/သူများသည် အောက်တိုဘာ ၂၂ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
ထိုအတူ တတိယအသုတ် အဝေးသင်ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်သော မြန်မာစာ၊ သမိုင်း၊ စီးပွားရေး ပညာ၊ စီးပွားစီမံပညာ ကျောင်းသား/သူများသည် နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။




