ျပည္သူလူထုအေပၚဝန္ထုပ္ဝန္ပိုးမျဖစ္ေစပဲ လူထု၏ အက်ိဳးစီးပြားႏွင့္လူမႈဖြံ႕ၿဖိဳးေရးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေပးႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး မွာၾကား

ျပည္သူလူထုအေပၚဝန္ထုပ္ဝန္ပိုးမျဖစ္ေစပဲ လူထု၏ အက်ိဳးစီးပြားႏွင့္လူမႈဖြံ႕ၿဖိဳးေရးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေပးႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး မွာၾကား
===========================
ေပ်ာ္ဘြယ္ စက္တင္ဘာ ၄

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး၊ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေသာင္းေအးသည္ ယေန႔ စက္တင္ဘာလ (၄)ရက္ေန႔တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးတြင္ ဖြင့္လွစ္လွ်က္ရွိေသာ ရပ္ကြက္သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ား လုပ္ငန္း စြမ္းေဆာင္ရည္ျမင့္မားေရးသင္တန္း(၂/၂၀၀၆) ဆင္းပြဲအခမ္းအနားသို႔တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားတြင္ပါတီအေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးမွ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ားသည္ႏိုင္ငံေတာ္၏ခိုင္မာေသာအုတ္ျမစ္မ်ားျဖစ္ေၾကာင္း၊အုပ္ခ်ဳပ္ေရးမႉး၊ရာအိမ္မႉး၊ ဆယ္အိမ္မႉးႏွင္႐ြာခြဲအုပ္ေရေရးမႉးမ်ားအထိ အဆင့္ဆင့္ေကာင္းလွ်င္ႏိုင္ငံေကာင္းမည္ျဖစ္ေၾကာင္း၊လုပ္ငန္းနယ္ပယ္တြင္ညီရင္းအစ္ကို၊ေမာင္ရင္းအစ္မစိတ္မ်ိဳးထား၍ေကာင္းရာေကာင္းက်ိဳးအတြက္ပံ့ပိုးကူညီေပးေစလိုေၾကာင္း၊ျပည္သူလူထုအေပၚဝန္ထုပ္ဝန္ပိုးမျဖစ္ေစပဲေစတနာထားၿပီးအားလုံးစည္းစည္းလုံးလုံးခ်စ္ခ်စ္ခင္ခင္ျဖင့္လူထု၏အက်ိဳးစီးပြားႏွင့္လူမႈဖြံ႕ၿဖိဳးေရးအတြက္အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေပးႏိုင္မည္ဟုယုံၾကည္ပါေၾကာင္း သင္တန္းဆင္းအမွာစကားေျပာၾကားခဲ့ပါသည္။

၎ေနာက္သင္တန္းဆင္းလက္မွတ္မ်ားကို ပါတီအေထြအတြင္းေရးမႉး၊ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေသာင္းေအး၊တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္ႏိုင္ၫြန္႔၊ ခ႐ိုင္အုပ္ခ်ဳပ္ခ်ဳပ္ေရးမႉး၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ႏွင့္တာဝန္ရွိသူအသီးသီးတို႔ကခ်ီးျမႇင့္ခဲ့ၿပီး ပါတီအေထြေထြအတြင္းေရးမႉးမွအမွတ္တရ အက်ႌလက္ေဆာင္မ်ားေပးအပ္ခဲ့ေၾကာင္းသိရွိရပါသည္။


ပြည်သူလူထုအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ လူထု၏ အကျိုးစီးပွားနှင့်လူမှုဖွံ့ဖြိုးရေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး မှာကြား
===========================
ပျော်ဘွယ် စက်တင်ဘာ ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးသည် ယနေ့ စက်တင်ဘာလ (၄)ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်လျှက်ရှိသော ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၂/၂၀၀၆) ဆင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်ပါတီအထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည်နိုင်ငံတော်၏ခိုင်မာသောအုတ်မြစ်များဖြစ်ကြောင်း၊အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင်ရွာခွဲအုပ်ရေရေးမှူးများအထိ အဆင့်ဆင့်ကောင်းလျှင်နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊လုပ်ငန်းနယ်ပယ်တွင်ညီရင်းအစ်ကို၊မောင်ရင်းအစ်မစိတ်မျိုးထား၍ကောင်းရာကောင်းကျိုးအတွက်ပံ့ပိုးကူညီပေးစေလိုကြောင်း၊ပြည်သူလူထုအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲစေတနာထားပြီးအားလုံးစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့်လူထု၏အကျိုးစီးပွားနှင့်လူမှုဖွံ့ဖြိုးရေးအတွက်အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

၎င်းနောက်သင်တန်းဆင်းလက်မှတ်များကို ပါတီအထွေအတွင်းရေးမှူး၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ညွန့်၊ ခရိုင်အုပ်ချုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူအသီးသီးတို့ကချီးမြှင့်ခဲ့ပြီး ပါတီ ထွေထွေအတွင်းရေးမှူးမှအမှတ်တရ အင်္ကျီလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။