
===========================
ပျော်ဘွယ် စက်တင်ဘာ ၎



လွှတ်တော်ရေးရာသိကောင်းစရာများ မျှဝေဆွေးနွေး
===========================
ပျော်ဘွယ် စက်တင်ဘာ ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးသည် ယနေ့ စက်တင်ဘာလ (၄)ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်လျှက်ရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၂/၂၀၀၆) သို့ သွားရောက်၍သင်တန်း တက်ရောက်နေကြသောရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တို့နှင့်ပတ်သက်သော လွှတ်တော်ရေးရာသိကောင်းစရာများအကြောင်း မျှဝေဆွေးနွေးခဲ့ပြီး သင်တန်းတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။