မန္ယူႏိုက္တက္အသင္းကစားသမားေဟာင္းေလးဦး ရန္ကုန္ လာမည္

မန္ယူႏိုက္တက္အသင္းကစားသမားေဟာင္းေလးဦး ရန္ကုန္ လာမည္
=================
မန္ခ်က္စတာ ယူႏိုက္တက္ အသင္း၏ ေအာင္ျမင္ေက်ာ္ၾကားခဲ့ေသာ ဂႏၴဝင္ ကစားသမားမ်ား ျဖစ္ၾကသည့္ ႐ြိဳင္ယန္ဂစ္ (Ryan Giggs)၊ ပတ္ထရစ္အီဗရာ (Patrice Evra)၊ ဒီမီတာဘာဘာေတာ့ဗ္ (Dimitar Berbatov) ႏွင့္ အန္ဒါဆန္ (Anderson) တို႔သည္ လာမည့္ ေအာက္တိုဘာလကုန္တြင္ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္မည္ျဖစ္ၿပီး ခရီးစဥ္အတြင္း ပရိတ္သတ္မ်ားႏွင့္ ေတြ႕ဆုံပြဲ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခရီးစဥ္ကို The Garden Agency မွ “Legendary Players in Yangon” အမည္ျဖင့္ စီစဥ္ေဆာင္႐ြက္ျခင္းျဖစ္သည္။

ေအာက္တိုဘာလ ၃၀ ရက္မွ ႏိုဝင္ဘာလ ၁ ရက္ေန႔အထိ သုံးရက္တိုင္တိုင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္လည္း ျဖစ္သည္။

ပြဲပထမရက္ႏွင့္ ဒုတိယရက္ (ေအာက္တိုဘာ ၃၀ ႏွင့္ ၃၁ ရက္) တို႔ကို ဗဟန္းၿမိဳ႕နယ္ရွိ Melia Hotel ၌ က်င္းပမည္ျဖစ္ၿပီး Welcome Day အျဖစ္ သီးသန႔္ညစာစားပြဲ၊ အေတြ႕အႀကဳံမွ်ေဝပြဲမ်ား၊ LIVE Podcast အစီအစဥ္မ်ားႏွင့္ မီဒီယာေတြ႕ဆုံပြဲမ်ား ပါဝင္မည္ျဖစ္သည္။

အဆုံးသတ္ရက္ျဖစ္သည့္ ႏိုဝင္ဘာလ ၁ ရက္ေန႔တြင္မူ မရမ္းကုန္းၿမိဳ႕နယ္ရွိ Yangon Convention Centre (YCC) ၌ ပရိသတ္မ်ားႏွင့္ တိုက္႐ိုက္ေတြ႕ဆုံႏိုင္မည့္ Public Meet & Greet အစီအစဥ္၊ အႏုပညာရွင္မ်ား၏ ဂီတေဖ်ာ္ေျဖပြဲမ်ားႏွင့္ Festival Activities မ်ားကို ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ နာမည္ႀကီး ေတးသံရွင္မ်ားျဖစ္ၾကသည့္ ဘန္နီၿဖိဳး၊ ခ်မ္းေျမ့ေမာင္ခ်ိဳ၊ လႊမ္းပိုင္၊ လုဖရင္း၊ ထြန္းထြန္း (Examplez)၊ ဝိုင္းစုခိုင္သိန္း ႏွင့္ ရဲေလး တို႔က ပါဝင္ယွဥ္ၿပိဳင္ ေဖ်ာ္ေျဖၾကမည္ျဖစ္ၿပီး လက္မွတ္ေရာင္းခ်မည့္ အေသးစိတ္ အခ်က္အလက္မ်ားကို မၾကာမီ ထုတ္ျပန္ေပးသြားမည္ျဖစ္သည္ဟု သိရသည္။


မန်ယူနိုက်တက်အသင်းကစားသမားဟောင်းလေးဦး ရန်ကုန် လာမည်
=================
မန်ချက်စတာ ယူနိုက်တက် အသင်း၏ အောင်မြင်ကျော်ကြားခဲ့သော ဂန္ထဝင် ကစားသမားများ ဖြစ်ကြသည့် ရွိုင်ယန်ဂစ် (Ryan Giggs)၊ ပတ်ထရစ်အီဗရာ (Patrice Evra)၊ ဒီမီတာဘာဘာတော့ဗ် (Dimitar Berbatov) နှင့် အန်ဒါဆန် (Anderson) တို့သည် လာမည့် အောက်တိုဘာလကုန်တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ပရိတ်သတ်များနှင့် တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို The Garden Agency မှ “Legendary Players in Yangon” အမည်ဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်လည်း ဖြစ်သည်။

ပွဲပထမရက်နှင့် ဒုတိယရက် (အောက်တိုဘာ ၃၀ နှင့် ၃၁ ရက်) တို့ကို ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပမည်ဖြစ်ပြီး Welcome Day အဖြစ် သီးသန့်ညစာစားပွဲ၊ အတွေ့အကြုံမျှဝေပွဲများ၊ LIVE Podcast အစီအစဉ်များနှင့် မီဒီယာတွေ့ဆုံပွဲများ ပါဝင်မည်ဖြစ်သည်။

အဆုံးသတ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင်မူ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Centre (YCC) ၌ ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည့် Public Meet & Greet အစီအစဉ်၊ အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲများနှင့် Festival Activities များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နာမည်ကြီး တေးသံရှင်များဖြစ်ကြသည့် ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ လုဖရင်း၊ ထွန်းထွန်း (Examplez)၊ ဝိုင်းစုခိုင်သိန်း နှင့် ရဲလေး တို့က ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကြမည်ဖြစ်ပြီး လက်မှတ်ရောင်းချမည့် အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။