သီေပါ၌ ယာယီပိတ္ထားသည့္ အေျခခံပညာေက်ာင္း ၁၇ ေက်ာင္း ျပန္လည္ဖြင့္လွစ္

သီေပါ၌ ယာယီပိတ္ထားသည့္ အေျခခံပညာေက်ာင္း ၁၇ ေက်ာင္း ျပန္လည္ဖြင့္လွစ္
==========================
သီေပါ၊ ၾသဂုတ္ ၃၀
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္အတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယာယီပိတ္ထားခဲ့ရသည့္ အေျခခံပညာေက်ာင္း ၁၇ ေက်ာင္းကို ျပန္လည္ဖြင့္လွစ္ခဲ့သည္။
ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္လည္း ပညာေရးအေထာက္အကူျပဳပစၥည္းမ်ားႏွင့္ ေက်ာင္းဝတ္စုံမ်ား ေပးအပ္သည့္ အခမ္းအနားကို ဩဂုတ္ ၂၉ ရက္က ဆင္ေက်ာ့ႏွင့္ ေဆာင္ႀကဲ အ.ထ.က ေက်ာင္းမ်ားအပါအဝင္ မူလြန္လခြဲႏွင့္ မူလတန္းေက်ာင္းမ်ား၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေကာင္းသက္စံ၊ ျပည္နယ္ပညာေရးမႉး ဦးတင့္ေဆြ၊ သီေပါၿမိဳ႕နယ္ပညာေရးမႉး ေဒၚလြင္လြင္မာတို႔ တက္ေရာက္ခဲ့ၾကသကဲ့သို ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA) မွ စစ္ဦးစီးခ်ဳပ္ စဝ္သွ်ံဖႏွင့္ အဖြဲ႕ဝင္မ်ား၊ ဝမ္ဟိုင္းပညာေရးဌာနမွ တာဝန္ရွိသူမ်ား၊ ေက်ာင္းေကာ္မတီဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ခဲ့ၾကသည္။
ယခု ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ပညာေရးတာဝန္ရွိသူမ်ား၊ SSPP/SSA အပါအဝင္ ေဒသခံအဖြဲ႕အစည္းမ်ား၊ ေက်ာင္းေကာ္မတီမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္ၿပီး ကေလးငယ္မ်ား ပညာသင္ၾကားႏိုင္ေရးအတြက္ လိုအပ္သည့္ ပညာေရးအေထာက္အကူျပဳပစၥည္းမ်ားႏွင့္ ေက်ာင္းဝတ္စုံမ်ားကိုလည္း ေပးအပ္ခဲ့သည္။
ႏွစ္အတန္ၾကာ ပညာသင္ၾကားခြင့္ အကန႔္အသတ္မ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရသည့္ ေဒသခံ ကေလးငယ္မ်ားအတြက္ အဆိုပါ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္းသည္ ေဒသ၏ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးပါသည့္ ေျခလွမ္းတစ္ရပ္ ျဖစ္လာခဲ့သည္။
ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ အစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပညာေရးဌာန တာဝန္ရွိသူမ်ား၊ ေဒသခံအဖြဲ႕အစည္းမ်ား၊ ဆရာ ဆရာမမ်ားႏွင့္ ၿမိဳခံျပည္သူမ်ားက အသီးသီး ပူးေပါင္းပါဝင္ ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ #popular
သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ်
==========================
သီပေါ၊ သြဂုတ် ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက်က ဆင်ကျော့နှင့် ဆောင်ကြဲ အ.ထ.က ကျောင်းများအပါအဝင် မူလွန်လခွဲနှင့် မူလတန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၊ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေ၊ သီပေါမြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာတို့ တက်ရောက်ခဲ့ကြသကဲ့သို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စစ်ဦးစီးချုပ် စဝ်သျှံဖနှင့် အဖွဲ့ဝင်များ၊ ဝမ်ဟိုင်းပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ယခု ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးတာဝန်ရှိသူများ၊ SSPP/SSA အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ကျောင်းကော်မတီများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများကိုလည်း ပေးအပ်ခဲ့သည်။
နှစ်အတန်ကြာ ပညာသင်ကြားခွင့် အကန့်အသတ်များနှင့် ကြုံတွေ့ခဲ့ရသည့် ဒေသခံ ကလေးငယ်များအတွက် အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည် ဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ ဒေသခံအဖွဲ့အစည်းများ၊ ဆရာ ဆရာမများနှင့် မြိုခံပြည်သူများက အသီးသီး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ #popular




