ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ပါတီေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္းေရးႏွင့္ပတ္သက္သည့္ လုပ္ငန္းညႇိႏွိင္းအစည္းအ ေဝးသို႔ တက္ေရာက္

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ပါတီေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္းေရးႏွင့္ပတ္သက္သည့္ လုပ္ငန္းညႇိႏွိင္းအစည္းအ ေဝးသို႔ တက္ေရာက္
=============================
ဩဂုတ္ ၂၇၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၇-၈-၂၀၂၆ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ (၁)၌ ျပဳလုပ္ေသာ ပါတီေကာ္မတီအဆင့္ဆင့္ဖြဲ႕စည္းေရးႏွင့္ပတ္သက္သည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ တြဲဖက္အေထြေထြအတြင္းေရးမႉးႏွင့္ ​ဗဟိုအတြင္းေရးမႉးမ်ား၊ ​ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားက သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ ေကာ္မတီအဆင့္ဆင့္ဖြဲ႕စည္းမႈ ကိစၥရပ္မ်ားအား ရွင္းလင္းတင္ျပရာ ပါတီဥကၠ႒က ေပါင္းစပ္ညႇိႏွိင္း ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားအား ျပန္လည္ျဖည့္စြက္ေဆြးေႏြးပါသည္။
ဆက္လက္၍ ပါတီ၏ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္အား ေဆြးေႏြးခဲ့ၾကၿပီး အေထြေထြအတြင္းေရးမႉး၊ ဒုတိယဥကၠ႒ ဦးလွထြန္းတို႔က ​တိုင္းေဒသႀကီး/ျပည္နယ္မ်ားႏွင့္ ေပါင္းစပ္ညႇိႏွိင္းရမည့္ ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက ပါတီအဆင့္ဆင့္ေကာ္မတီဖြဲ႕စည္းမႈမ်ားအား ေသခ်ာစြာ စည္းစနစ္တက် ေဆာင္႐ြက္ၾကရန္၊ ေရွ႕လုပ္ငန္းစဥ္ခ်မွတ္သည့္အခ်က္မ်ားအား ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကရန္ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ၿပီး အစည္းအေဝးအား ေန႔လည္ ၁၂:၃၀ အခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။
အဆိုပါ လုပ္ငန္းညႇိႏွိင္းအစည္းအေဝးသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားတက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီကော်မတီအဆင့်ဆင့်ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ တက်ရောက်
=============================
ဩဂုတ် ၂၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၇-၈-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁)၌ ပြုလုပ်သော ပါတီကော်မတီအဆင့်ဆင့်ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ​ဗဟိုအတွင်းရေးမှူးများ၊ ​ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပါတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်မည့် ကိစ္စရပ်များအား ပြန်လည်ဖြည့်စွက်ဆွေးနွေးပါသည်။
ဆက်လက်၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား ဆွေးနွေးခဲ့ကြပြီး အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းတို့က ​တိုင်းဒေသကြီး/ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိင်းရမည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီအဆင့်ဆင့်ကော်မတီဖွဲ့စည်းမှုများအား သေချာစွာ စည်းစနစ်တကျ ဆောင်ရွက်ကြရန်၊ ရှေ့လုပ်ငန်းစဉ်ချမှတ်သည့်အချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လည် ၁၂:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။