အက္စတြန္ဗီလာဂိုးသမား မာတီနက္ဇ္ကို ခ်ယ္လ္ဆီးအသင္း ေခၚယူမည္

အက္စတြန္ဗီလာဂိုးသမား မာတီနက္ဇ္ကို ခ်ယ္လ္ဆီးအသင္း ေခၚယူမည္
=======================
ခ်ယ္လ္ဆီးအသင္းဟာ အက္စတြန္ဗီလာအသင္းက အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္ကို ေပါင္(၇.၅)သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သိရပါတယ္။
ခ်ယ္လ္ဆီးအသင္းက မာတီနက္ဇ္ကို (၂)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးႏိုင္မယ့္ သေဘာတူညီမႈလည္း ပါဝင္ေၾကာင္း သိရပါတယ္။
ခ်ယ္လ္ဆီးအသင္းက ဖူလ္ဟမ္နဲ႔ပြဲမွာ အမွားမ်ားခဲ့တဲ့ ဂိုးသမား ေရာဘတ္ဆန္းခ်က္ဇ္ကို စိန္ေခၚႏိုင္မယ့္ဂိုးသမား ေခၚယူအားျဖည့္ဖို ဆုံးျဖတ္ခဲ့ၿပီးေနာက္ မာတီနက္ဇ္ကို ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
မာတီနက္ဇ္(၃၃ ႏွစ္)ကလည္း အက္စတြန္ဗီလာအသင္းရဲ႕ နံပါတ္(၁)ဂိုးသမားအျဖစ္ လက္စြမ္းျပေနေပမဲ့ အသင္းေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့လတုန္းက ဂ်ဴဗင္တပ္စ္အသင္းကို ေရာက္ရွိဖို နီးစပ္ခဲ့ပါေသးတယ္။
ေျပာင္းေ႐ႊ႕ေၾကးညႇိႏွိင္းမႈ အဆင္မေျပတာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းက လက္ေလွ်ာ့သြားခဲ့တာပါ။
မာတီနက္ဇ္က အာဆင္နယ္အသင္းရဲ႕ ဂိုးသမားေဟာင္းျဖစ္တာေၾကာင့္ လန္ဒန္ထိပ္သီးႏွစ္သင္းမွာ ကစားခြင့္ရတဲ့ဂိုးသမား ျဖစ္လာေတာ့မွာပါ။


အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ချယ်လ်ဆီးအသင်း ခေါ်ယူမည်
=======================
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ပေါင်(၇.၅)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက မာတီနက်ဇ်ကို (၂)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဖူလ်ဟမ်နဲ့ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို စိန်ခေါ်နိုင်မယ့်ဂိုးသမား ခေါ်ယူအားဖြည့်ဖို ဆုံးဖြတ်ခဲ့ပြီးနောက် မာတီနက်ဇ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ကလည်း အက်စတွန်ဗီလာအသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေပေမဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို နီးစပ်ခဲ့ပါသေးတယ်။
ပြောင်းရွှေ့ကြေးညှိနှိင်းမှု အဆင်မပြေတာကြောင့် ဂျူဗင်တပ်စ်အသင်းက လက်လျှော့သွားခဲ့တာပါ။
မာတီနက်ဇ်က အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်တာကြောင့် လန်ဒန်ထိပ်သီးနှစ်သင်းမှာ ကစားခွင့်ရတဲ့ဂိုးသမား ဖြစ်လာတော့မှာပါ။