၂၀၂၇ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ စာေမးပြဲဝင္ေၾကး စက္တင္ဘာ ၁ ရက္မွ စတင္လက္ခံမည္

၂၀၂၇ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ စာေမးပြဲဝင္ေၾကး စက္တင္ဘာ ၁ ရက္မွ စတင္လက္ခံမည္
=======================
ဩဂုတ္ ၂၈

၂၀၂၇ ခုႏွစ္တြင္ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားႏွင့္ စာေမးပြဲဝင္ေၾကး ေငြသြင္းတံဆိပ္ေခါင္းမ်ားကို ၂၀၂၆ ခုႏွစ္ စက္တင္ဘာ ၁ ရက္မွစတင္၍ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ဩဂုတ္ ၂၈ ရက္တြင္ သတင္းထုတ္ျပန္သည္။

စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာတစ္ေစာင္လွ်င္ ၅၀၀ က်ပ္ က်သင့္မည္ျဖစ္ၿပီး စာေမးပြဲဝင္ေၾကးအတြက္ ၂,၀၀၀ က်ပ္တန္ ပညာေရးဝန္ႀကီးဌာန ေငြသြင္းတံဆိပ္ေခါင္း သတ္မွတ္ထားသည္။

စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာတင္သြင္းရာတြင္ ေျဖဆိုမည့္ ဘာသာတြဲအလိုက္ အစိမ္းေရာင္ႏွင့္ ပန္းေရာင္ ေလွ်ာက္လႊာကတ္ျပားပုံစံ ႏွစ္မ်ိဳးခြဲျခားသတ္မွတ္ထားေၾကာင္း သိရသည္။

ျပင္ပေျဖဆိုရန္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ စာေမးပြဲဝင္ေၾကး ၂,၀၀၀ က်ပ္တန္ ေငြသြင္းတံဆိပ္ေခါင္းကို သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံး တြင္ ဝယ္ယူရမည္ျဖစ္ၿပီး ဝင္ခြင့္ေလွ်ာက္လႊာ၏ လက္ဝဲဘက္ထိပ္ပိုင္းတြင္ ကပ္ရမည္ျဖစ္သည္။

ထို႔ေနာက္ မိမိတို႔ အမွန္တကယ္ေနထိုင္သည့္ ၿမိဳ႕နယ္ ၏ ပညာေရးမႉး႐ုံးတြင္ ၂၀၂၆ ခုႏွစ္ စက္တင္ဘာ ၁ ရက္မွ ၃၀ ရက္အတြင္း ေလွ်ာက္လႊာမ်ားကို တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

အေျခခံပညာအထက္တန္းေက်ာင္းမ်ား၊ ေက်ာင္းခြဲမ်ား၊ တြဲဖက္ေက်ာင္းမ်ား၊ တြဲဖက္ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စာေမးပြဲဝင္ေၾကး ၂,၀၀၀ က်ပ္တန္ ေငြသြင္းတံဆိပ္ေခါင္းမ်ားကို ေက်ာင္းအုပ္ႀကီးမ်ားက ဝယ္ယူ၍ ေလွ်ာက္လႊာတစ္ေစာင္ခ်င္းစီတြင္ ကပ္ေပးရမည္ျဖစ္သည္။

ယင္းေလွ်ာက္လႊာမ်ားကို စုေပါင္း၍ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမွတစ္ဆင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ စက္တင္ဘာ ၁ ရက္မွ ၃၀ ရက္အတြင္း သတ္မွတ္ရက္အမီ တင္သြင္းရမည္ျဖစ္သည္။

သတ္မွတ္ထားသည့္ ရက္အတြင္း ေလွ်ာက္လႊာမ်ားကို အခ်ိန္မီေပးပို႔ျခင္းမရွိပါက စာေမးပြဲေျဖဆိုခြင့္ ရရွိမည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက သတိေပးထားသည္။

ထို႔အျပင္ စာေျဖသူတင္သြင္းသည့္ စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ ကတ္ျပားတြင္ ေဖာ္ျပထားသည့္ ဘာသာတြဲမွအပ အျခားဘာသာတြဲသို႔ ေျပာင္းလဲေျဖဆိုခြင့္ ျပဳမည္မဟုတ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ မိမိေျဖဆိုမည့္ ဘာသာတြဲႏွင့္ ကိုက္ညီသည့္ ေလွ်ာက္လႊာပုံစံ၊ ကတ္ျပားအေရာင္ႏွင့္ ျဖည့္စြက္ထားသည့္ အခ်က္အလက္မ်ား မွန္ကန္မႈရွိ၊ မရွိကို ေသခ်ာစြာ စစ္ေဆးၿပီး တင္သြင္းၾကရန္ လိုအပ္ေၾကာင္း အသိေပးထားသည္။

ေလွ်ာက္လႊာပုံစံမ်ားႏွင့္ ေငြသြင္းတံဆိပ္ေခါင္းမ်ားကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန (႐ုံးခ်ဳပ္)၊ ႐ုံးအမွတ္ (၅)၊ ေနျပည္ေတာ္ ႏွင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ရန္ကုန္႐ုံးခြဲ၊ ပါရမီလမ္း၊ (၁၂) ရပ္ကြက္၊ လႈိင္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ တို႔တြင္ လာေရာက္ဝယ္ယူႏိုင္ေၾကာင္း သိရသည္။


၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲဝင်ကြေး စက်တင်ဘာ ၁ ရက်မှ စတင်လက်ခံမည်
=======================
ဩဂုတ် ၂၈

၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများနှင့် စာမေးပွဲဝင်ကြေး ငွေသွင်းတံဆိပ်ခေါင်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး စာမေးပွဲဝင်ကြေးအတွက် ၂,၀၀၀ ကျပ်တန် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း သတ်မှတ်ထားသည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာတွင် ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် လျှောက်လွှာကတ်ပြားပုံစံ နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

ပြင်ပဖြေဆိုရန် လျှောက်ထားသူများအနေဖြင့် စာမေးပွဲဝင်ကြေး ၂,၀၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး တွင် ဝယ်ယူရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်ရမည်ဖြစ်သည်။

ထို့နောက် မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ် ၏ ပညာရေးမှူးရုံးတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်လွှာများကို တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဝင်ကြေး ၂,၀၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများကို ကျောင်းအုပ်ကြီးများက ဝယ်ယူ၍ လျှောက်လွှာတစ်စောင်ချင်းစီတွင် ကပ်ပေးရမည်ဖြစ်သည်။

ယင်းလျှောက်လွှာများကို စုပေါင်း၍ မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းရမည်ဖြစ်သည်။

သတ်မှတ်ထားသည့် ရက်အတွင်း လျှောက်လွှာများကို အချိန်မီပေးပို့ခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတိပေးထားသည်။

ထို့အပြင် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြထားသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ် ကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲနှင့် ကိုက်ညီသည့် လျှောက်လွှာပုံစံ၊ ကတ်ပြားအရောင်နှင့် ဖြည့်စွက်ထားသည့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိကို သေချာစွာ စစ်ဆေးပြီး တင်သွင်းကြရန် လိုအပ်ကြောင်း အသိပေးထားသည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၅)၊ နေပြည်တော် နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ တို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။