MFF Charity Shield 2026 ၿပိဳင္ ပြဲမွ က်ပ္ ေငြသိန္း (၁၀၀၀) အား ေရ ေဘး သင့္ျပည္သူမ်ားအတြက္ လႉဒါန္း

MFF Charity Shield 2026 ၿပိဳင္ပြဲမွ က်ပ္ေငြသိန္း (၁၀၀၀) အား ေရ ေဘး သင့္ျပည္သူမ်ားအတြက္ လႉဒါန္း
========================
ၾသဂုတ္ (၂၅) ရက္က က်င္းပခဲ့တဲ့ MFF Charity Shield 2026 ၿပိဳင္ပြဲကေန က်ပ္ေငြသိန္း (၁၀၀၀) အား ဧရာဝတီတိုင္းအတြင္းရွိ ေရေဘးသင့္ျပည္သူမ်ားထံ လႉဒါန္းသြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။
MFF Charity Shield 2026 ၿပိဳင္ပြဲကို ၾသဂုတ္ (၂၅) ရက္က ရန္ကုန္ၿမိဳရွိ သုဝဏၰကြင္းမွာ က်င္းပခဲ့ၿပီး ရွမ္းယူႏိုက္တက္အသင္းက ရန္ကုန္ယူႏိုက္တက္အသင္းကို (၁-၀) ဂိုးနဲ႔ အႏိုင္ရၿပီး ဗိုလ္စြဲခဲ့ပါတယ္။
ပြဲအၿပီးမွာ ေရေဘးသင့္ျပည္သူမ်ားအတြက္ အလႉေငြမ်ား ထည့္ဝင္လႉဒါန္းခဲ့ၾကရာ M League ေကာ္မတီဥကၠ႒ ဦးေဇာ္မင္းသိန္းက က်ပ္သိန္း (၁၀၀)၊ ေ႐ႊေခတ္ျမန္မာေဘာလုံးသမားမ်ားကိုယ္စား ဦးတင္ေအာင္ (ဂိုး)မွ က်ပ္သိန္း (၁၀၀)၊ ရွမ္းယူႏိုက္တက္အသင္းက က်ပ္သိန္း (၁၀၀)၊ ရန္ကုန္ယူႏိုက္တက္အသင္းက က်ပ္သိန္း (၁၀၀)၊ ဧရာဝတီအမ်ိဳးသမီးအသင္းက က်ပ္သိန္း (၁၀၀)၊ ရတနာပုံအသင္းက က်ပ္သိန္း (၅၀)၊ ကြင္းဝင္ေၾကး၊ ျမန္မာ့လက္ေ႐ြးစင္ကစားသမားမ်ားနဲ႔ M League တိုက က်ပ္သိန္း (၄၅၀) စုစုေပါင္း က်ပ္သိန္း (၁၀၀၀) ေပးအပ္ခဲ့ၾကပါတယ္။
ရရွိလာတဲ့လႉဒါန္းေငြ က်ပ္သိန္း (၁၀၀၀) ကို ပုသိမ္ၿမိဳနယ္ေဘာလုံးအဖြဲခ်ဳပ္ နာယက ဦးေအာင္ေအာင္က လက္ခံရယူခဲ့ေၾကာင္း သိရပါတယ္။
အလႉေငြမ်ားေပးအပ္ပြဲနဲ႔ ေဘာလုံးအသင္းမ်ားအား ဆုခ်ီးျမႇင့္ပြဲကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဥကၠ႒ ဦးေဇာ္ေဇာ္၊ အႀကီးတန္း ဒုဥကၠ႒ ဦးျပည့္ၿဖိဳးေတဇ၊ ဒုဥကၠ႒ ဦးထိပ္ခြန္ေနာင္ျမင့္ေဝ၊ M League ေကာ္မတီ ဥကၠ႒ ဦးေဇာ္မင္းသိန္းတို တက္ေရာက္ခဲ့ၾကေၾကာင္း သိရပါတယ္။
Photo- MFF
MFF Charity Shield 2026 ပြိုင်ပွဲမှ ကျပ်ငွေသိန်း (၁၀၀၀) အား ရေ ဘေး သင့်ပြည်သူများအတွက် လှူဒါန်း
========================
သြဂုတ် (၂၅) ရက်က ကျင်းပခဲ့တဲ့ MFF Charity Shield 2026 ပြိုင်ပွဲကနေ ကျပ်ငွေသိန်း (၁၀၀၀) အား ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
MFF Charity Shield 2026 ပြိုင်ပွဲကို သြဂုတ် (၂၅) ရက်က ရန်ကုန်မြိုရှိ သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။
ပွဲအပြီးမှာ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြရာ M League ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ကျပ်သိန်း (၁၀၀)၊ ရွှေခေတ်မြန်မာဘောလုံးသမားများကိုယ်စား ဦးတင်အောင် (ဂိုး)မှ ကျပ်သိန်း (၁၀၀)၊ ရှမ်းယူနိုက်တက်အသင်းက ကျပ်သိန်း (၁၀၀)၊ ရန်ကုန်ယူနိုက်တက်အသင်းက ကျပ်သိန်း (၁၀၀)၊ ဧရာဝတီအမျိုးသမီးအသင်းက ကျပ်သိန်း (၁၀၀)၊ ရတနာပုံအသင်းက ကျပ်သိန်း (၅၀)၊ ကွင်းဝင်ကြေး၊ မြန်မာ့လက်ရွေးစင်ကစားသမားများနဲ့ M League တိုက ကျပ်သိန်း (၄၅၀) စုစုပေါင်း ကျပ်သိန်း (၁၀၀၀) ပေးအပ်ခဲ့ကြပါတယ်။
ရရှိလာတဲ့လှူဒါန်းငွေ ကျပ်သိန်း (၁၀၀၀) ကို ပုသိမ်မြိုနယ်ဘောလုံးအဖွဲချုပ် နာယက ဦးအောင်အောင်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
အလှူငွေများပေးအပ်ပွဲနဲ့ ဘောလုံးအသင်းများအား ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အကြီးတန်း ဒုဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ဒုဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ M League ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းတို တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
Photo- MFF




