ႏွစ္ေက်ာ့ေပါင္းရလဒ္ျဖင့္ ဗီယက္နမ္အသင္းအာဆီယံ Hyundai Cup ခ်န္ပီယံဆုဆြတ္ခူး

ႏွစ္ေက်ာ့ေပါင္းရလဒ္ျဖင့္ ဗီယက္နမ္အသင္းအာဆီယံ Hyundai Cup ခ်န္ပီယံဆုဆြတ္ခူး
=========================
အာဆီယံ Hyundai Cup ဗိုလ္လုပြဲ ဒုတိယအေက်ာ့အျဖစ္ ယေန႔ည ၇ နာရီခြဲတြင္ ဗီယက္နမ္ႏိုင္ငံ၌ ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ရွင္ဗီယက္နမ္အသင္းႏွင့္ ထိုင္းအသင္းတို႔ တစ္ဖက္ႏွစ္ဂိုးစီသေရက်ခဲ့ၿပီး ဗီယက္နမ္အသင္းက ႏွစ္ေက်ာ့ေပါင္းရလဒ္ ၄ ဂိုး ၂ ဂိုးျဖင့္ အႏိုင္ရရွိကာ အာဆီယံ Hyundai Cup ခ်န္ပီယံဆုဖလားကို ဆြတ္ခူးသြားခဲ့သည္။ပြဲစဥ္အတြင္း ထိုင္းအသင္းအတြက္ ဦးေဆာင္ဂိုးမ်ားကို ပြဲခ်ိန္ ၁၂ မိနစ္တြင္ ေယာ့ဆာကြန္းဘူရဖာႏွင့္ ၈၅ မိနစ္တြင္ ဝမ္ခ်ိဳင္တို႔က သြင္းယူေပးခဲ့သည္။

ဗီယက္နမ္အသင္းအတြက္ ေခ်ပဂိုးႏွစ္ဂိုးစလုံးမွာ ထိုင္းကစားသမားမ်ား၏ မိမိဂိုးကိုယ္ ျပန္သြင္းမိျခင္(OG)မွရရွိခဲ့ျခင္းျဖစ္ၿပီး ပြဲခ်ိန္ ၅၂ မိနစ္တြင္ ဂိုးသမားခ်တ္ခ်ိဳင္ဘုဒ္ပ႐ြမ္ႏွင့္နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္တြင္ ဝမ္ခ်ိဳင္တို႔၏ မိမိဂိုးကိုယ္ျပန္သြင္းမႈမ်ားေၾကာင့္ ၂-၂ ဂိုးျဖင့္သေရက်ခဲ့ၿပီး ဗီယက္နမ္အသင္း အိမ္ကြင္း၌ ခ်န္ပီယံဆုဖလားေျမႇာက္ကိုင္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ယေန႔ပြဲစဥ္မွာလက္ရွိခ်န္ပီယံဗီယက္နမ္ႏွင့္ၿပိဳင္ပြဲ၏ အေအာင္ျမင္ဆုံးထိုင္းအသင္းတို႔ ထိပ္တိုက္ ေတြ႕ဆုံမႈျဖစ္ရာ ႏွစ္ဖက္အျပန္အလွန္အႀကိတ္အနယ္ရွိခဲ့သည္။

ပထမပိုင္းတြင္ ထိုင္းအသင္းက ဖိအားေပးကစားၿပီး ၁ ဂိုး – ဂိုးမရွိျဖင့္ ဦးေဆာင္ႏိုင္ခဲ့ေသာ္လည္း ဒုတိယပိုင္းတြင္ ဗီယက္နမ္အသင္းက ကစားကြက္ေျပာင္းကာ တန္ျပန္တိုက္စစ္မ်ားျဖင့္ ထိုင္းအသင္းကို ျပန္လည္ဖိအားေပးႏိုင္ခဲ့သည္။


နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဗီယက်နမ်အသင်းအာဆီယံ Hyundai Cup ချန်ပီယံဆုဆွတ်ခူး
=========================
အာဆီယံ Hyundai Cup ဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ယနေ့ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီး ဗီယက်နမ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိကာ အာဆီယံ Hyundai Cup ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့သည်။ပွဲစဉ်အတွင်း ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၁၂ မိနစ်တွင် ယော့ဆာကွန်းဘူရဖာနှင့် ၈၅ မိနစ်တွင် ဝမ်ချိုင်တို့က သွင်းယူပေးခဲ့သည်။

ဗီယက်နမ်အသင်းအတွက် ချေပဂိုးနှစ်ဂိုးစလုံးမှာ ထိုင်းကစားသမားများ၏ မိမိဂိုးကိုယ် ပြန်သွင်းမိခြင်(OG)မှရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၅၂ မိနစ်တွင် ဂိုးသမားချတ်ချိုင်ဘုဒ်ပရွမ်နှင့်နာကျင်အချိန်ပို ၉၀+၃ မိနစ်တွင် ဝမ်ချိုင်တို့၏ မိမိဂိုးကိုယ်ပြန်သွင်းမှုများကြောင့် ၂-၂ ဂိုးဖြင့်သရေကျခဲ့ပြီး ဗီယက်နမ်အသင်း အိမ်ကွင်း၌ ချန်ပီယံဆုဖလားမြှောက်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်မှာလက်ရှိချန်ပီယံဗီယက်နမ်နှင့်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးထိုင်းအသင်းတို့ ထိပ်တိုက် တွေ့ဆုံမှုဖြစ်ရာ နှစ်ဖက်အပြန်အလှန်အကြိတ်အနယ်ရှိခဲ့သည်။

ပထမပိုင်းတွင် ထိုင်းအသင်းက ဖိအားပေးကစားပြီး ၁ ဂိုး – ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ကစားကွက်ပြောင်းကာ တန်ပြန်တိုက်စစ်များဖြင့် ထိုင်းအသင်းကို ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။