PFA အေကာင္းဆုံးကစားသမားဆုကို ဘ႐ူႏိုဖာနန္ဒက္စ္ ရရွိ


PFA အေကာင္းဆုံးကစားသမားဆုကို ဘ႐ူႏိုဖာနန္ဒက္စ္ ရရွိ
=====================
မန္ယူႏိုက္တက္အသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ေခတ္မွာ PFA အေကာင္းဆုံးကစားသမားဆုကို ရရွိၿပီး အသင္းရဲ႕ ရွစ္ဦးေျမာက္ရရွိသူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဖာနန္ဒက္စ္မတိုင္ခင္ ကန္တိုနာ(၁၉၉၄)၊ ႐ြိင္ကင္း(၂၀၀၀)၊ ရွရင္ဂမ္(၂၀၀၁)၊ နစၥတယ္႐ြိင္း(၂၀၀၂)၊ စီေရာ္နယ္လ္ဒို(၂၀၀၇၊ ၂၀၀၈)၊ ႐ိုင္ယန္ဂစ္(၂၀၀၉)၊ ႐ြန္နီ(၂၀၁၀)တိုက ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ ဖာနန္ဒက္စ္ဟာ ၁၆ ႏွစ္တာကာလအတြင္း မန္ယူႏိုက္တက္ကစားသမားေတြထဲ ပထမဆုံး ဆြတ္ခူးႏိုင္သူ ျဖစ္လာခဲ့တယ္။
PFA အေကာင္းဆုံးဆုေပးပြဲကို ယမန္ေန႔က ျပဳလုပ္ခဲ့ၿပီး ဖာနန္ဒက္စ္က အာဆင္နယ္ကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္နဲ႔ မန္စီးတီးတိုက္စစ္မႉး ဟာလန္းတိုကို ေက်ာ္ျဖတ္ဆြတ္ခူးခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ တစ္ရာသီအတြင္း ဂိုးဖန္တီးမႈအမ်ားဆုံးအျဖစ္ ၂၁ ႀကိမ္ရွိခဲ့ကာ မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့ပါတယ္။
အမ်ိဳးသမီးအေကာင္းဆုံးကစားသမားဆုကို မန္စီးတီးတိုက္စစ္မႉး ခါဒီဂ်ာေရွာ၊ လူငယ္အမ်ိဳးသားအေကာင္းဆုံးကစားသမားဆုကို မန္စီးတီးအသင္းက အို႐ိုင္လီနဲ႔ လူငယ္အမ်ိဳးသမီးအေကာင္းဆုံးကစားသမားဆုကို အာဆင္နယ္အသင္းက အိုလီဗီယာစမစ္တိုက အသီးသီးရရွိခဲ့ၾကပါတယ္။
PFA တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ အာဆင္နယ္အသင္းက ရာယာ၊ တင္ဘာ၊ ဆာလီဘာ၊ ဂါဘရီယဲလ္နဲ႔ ဒက္ကလန္႐ိုက္စ္၊ မန္စီးတီးအသင္းက အို႐ိုင္လီ၊ ခ်ာကီ၊ ဟာလန္းနဲ႔ ဆယ္မန္ညိဳတို ပါဝင္ခဲ့ၿပီး မန္ယူႏိုက္တက္အသင္းက ဖာနန္ဒက္စ္နဲ႔ ဘရန႔္ဖိုဒ္အသင္းက အီေဂါသီယာဂိုတိုလည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
Photos: PFA
PFA အကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ
=====================
မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ခေတ်မှာ PFA အကောင်းဆုံးကစားသမားဆုကို ရရှိပြီး အသင်းရဲ့ ရှစ်ဦးမြောက်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖာနန်ဒက်စ်မတိုင်ခင် ကန်တိုနာ(၁၉၉၄)၊ ရွိင်ကင်း(၂၀၀၀)၊ ရှရင်ဂမ်(၂၀၀၁)၊ နစ္စတယ်ရွိင်း(၂၀၀၂)၊ စီရော်နယ်လ်ဒို(၂၀၀၇၊ ၂၀၀၈)၊ ရိုင်ယန်ဂစ်(၂၀၀၉)၊ ရွန်နီ(၂၀၁၀)တိုက ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဖာနန်ဒက်စ်ဟာ ၁၆ နှစ်တာကာလအတွင်း မန်ယူနိုက်တက်ကစားသမားတွေထဲ ပထမဆုံး ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့တယ်။
PFA အကောင်းဆုံးဆုပေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ဖာနန်ဒက်စ်က အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတိုကို ကျော်ဖြတ်ဆွတ်ခူးခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးအဖြစ် ၂၁ ကြိမ်ရှိခဲ့ကာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို မန်စီးတီးတိုက်စစ်မှူး ခါဒီဂျာရှော၊ လူငယ်အမျိုးသားအကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းက အိုရိုင်လီနဲ့ လူငယ်အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို အာဆင်နယ်အသင်းက အိုလီဗီယာစမစ်တိုက အသီးသီးရရှိခဲ့ကြပါတယ်။
PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ အာဆင်နယ်အသင်းက ရာယာ၊ တင်ဘာ၊ ဆာလီဘာ၊ ဂါဘရီယဲလ်နဲ့ ဒက်ကလန်ရိုက်စ်၊ မန်စီးတီးအသင်းက အိုရိုင်လီ၊ ချာကီ၊ ဟာလန်းနဲ့ ဆယ်မန်ညိုတို ပါဝင်ခဲ့ပြီး မန်ယူနိုက်တက်အသင်းက ဖာနန်ဒက်စ်နဲ့ ဘရန့်ဖိုဒ်အသင်းက အီဂေါသီယာဂိုတိုလည်း ရွေးချယ်ခံခဲ့ရပါတယ်။
Photos: PFA




