2026 World Women’s Snooker Tour ကို စက္တင္ဘာလ ၄ ရက္မွစတင္ၿပီး ၿပိဳင္ပြဲႀကီးသုံးခုျဖင့္က်င္းပမည္

2026 World Women’s Snooker Tour ကို စက္တင္ဘာလ ၄ ရက္မွစတင္ၿပီး ၿပိဳင္ပြဲႀကီးသုံးခုျဖင့္က်င္းပမည္
===================
2026 World Women’s Snooker Tour ကို လာမည့္ စက္တင္ဘာလ ၄ ရက္မွစတင္ၿပီး ၿပိဳင္ပြဲႀကီးသုံးခုျဖင့္ က်င္းပမည္ျဖစ္သည္။

2026 World Women’s Snooker Tour ၿပိဳင္ပြဲကို စက္တင္ဘာလႏွင့္ ေအာက္တိုဘာလတို႔တြင္ ႏိုင္ငံသုံးႏိုင္ငံ၌ ၿပိဳင္ပြဲႀကီးသုံးခုျဖင့္ က်င္းပမည္ျဖစ္သည္။

အဆိုပါၿပိဳင္ပြဲႀကီး၏ ပထမဆုံးၿပိဳင္ပြဲအျဖစ္ UK Women’s Championship 2026 ၿပိဳင္ပြဲကို အဂၤလန္ႏိုင္ငံ လိဒ္ၿမိဳ႕၌က်င္းပမည္ျဖစ္ၿပီး ၿပိဳင္ပြဲကို လာမည့္စက္တင္ဘာလ ၄ ရက္မွ ၆ ရက္အထိ က်င္းပမည္ျဖစ္သည္။ အဆိုပါၿပိဳင္ပြဲတြင္ လက္ရွိခ်န္ပီယံအျဖစ္ ဘိုင္မူလုက ရပ္တည္လ်က္ရွိသည္။ဒုတိယၿပိဳင္ပြဲျဖစ္သည့္ Australian Women’sOpen 2026 ၿပိဳင္ပြဲကို ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕၌ လာမည့္ေအာက္တိုဘာလ ၁၇ ရက္မွ ၂၀ ရက္အထိ က်င္းပမည္ျဖစ္ၿပီး ပလြိဳင္ခြန္ကင္းအေနျဖင့္ လက္ရွိခ်န္ပီယံအျဖစ္ ရပ္တည္ေနကာ ၿပိဳင္ပြဲတြင္ခ်န္ပီယံဆုကို ကာကြယ္ ရမည္ျဖစ္သည္။

အလားတူ တတိယၿပိဳင္ပြဲျဖစ္သည့္ Niche Cues Women’s Open 2026 ၿပိဳင္ပြဲကို လာမည့္ ေအာက္တိုဘာလ ၂၄ ရက္မွ ၂၇ ရက္အထိ မေလးရွား ႏိုင္ငံကြာလာလမ္ပူၿမိဳ႕၌က်င္းပမည္ျဖစ္ၿပီး အဆိုပါၿပိဳင္ပြဲတြင္လည္း ဘိုင္မူလုအေနျဖင့္ လက္ရွိခ်န္ပီယံအျဖစ္ ရပ္တည္ေနသည့္အတြက္ ၿပိဳင္ပြဲႀကီးႏွစ္ခုတြင္ ခ်န္ပီယံဆုမ်ားကို ကာကြယ္ရမည္ျဖစ္ေၾကာင္းသိရသည္။ #MWD _Ref;Hot Shot Snooker


2026 World Women’s Snooker Tour ကို စက်တင်ဘာလ ၄ ရက်မှစတင်ပြီး ပြိုင်ပွဲကြီးသုံးခုဖြင့်ကျင်းပမည်
===================
2026 World Women’s Snooker Tour ကို လာမည့် စက်တင်ဘာလ ၄ ရက်မှစတင်ပြီး ပြိုင်ပွဲကြီးသုံးခုဖြင့် ကျင်းပမည်ဖြစ်သည်။

2026 World Women’s Snooker Tour ပြိုင်ပွဲကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် နိုင်ငံသုံးနိုင်ငံ၌ ပြိုင်ပွဲကြီးသုံးခုဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကြီး၏ ပထမဆုံးပြိုင်ပွဲအဖြစ် UK Women’s Championship 2026 ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ လိဒ်မြို့၌ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို လာမည့်စက်တင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် လက်ရှိချန်ပီယံအဖြစ် ဘိုင်မူလုက ရပ်တည်လျက်ရှိသည်။ဒုတိယပြိုင်ပွဲဖြစ်သည့် Australian Women’sOpen 2026 ပြိုင်ပွဲကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ လာမည့်အောက်တိုဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပလွိုင်ခွန်ကင်းအနေဖြင့် လက်ရှိချန်ပီယံအဖြစ် ရပ်တည်နေကာ ပြိုင်ပွဲတွင်ချန်ပီယံဆုကို ကာကွယ် ရမည်ဖြစ်သည်။

အလားတူ တတိယပြိုင်ပွဲဖြစ်သည့် Niche Cues Women’s Open 2026 ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ မလေးရှား နိုင်ငံကွာလာလမ်ပူမြို့၌ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင်လည်း ဘိုင်မူလုအနေဖြင့် လက်ရှိချန်ပီယံအဖြစ် ရပ်တည်နေသည့်အတွက် ပြိုင်ပွဲကြီးနှစ်ခုတွင် ချန်ပီယံဆုများကို ကာကွယ်ရမည်ဖြစ်ကြောင်းသိရသည်။ #MWD _Ref;Hot Shot Snooker