ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တိုင္း/ျပည္နယ္ ပါတီဥကၠ႒၊ ေခတၱဥကၠ႒မ်ားႏွင့္ Zoom Meeting ျပဳလုပ္


ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တိုင္း/ျပည္နယ္ ပါတီဥကၠ႒၊ ေခတၱဥကၠ႒မ်ားႏွင့္ Zoom Meeting ျပဳလုပ္
============
ဩဂုတ္ ၂၀၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ၂၀-၈-၂၀၂၆ ရက္ေန႕ ေန႕လည္ ၂ နာရီမွ ၅ နာရီထိ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ ၂ တြင္ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား၊ ေခတၱဥကၠ႒မ်ားႏွင့္ျပဳလုပ္သည့္ Zoom Meeting သို႔ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ စည္း႐ုံးေရးဌာနႀကီးမွ တာဝန္ရွိသူမ်ားႏွင့္အတူ တက္ေရာက္ခဲ့ပါသည္။
Zoom Meeting ျပဳလုပ္ခဲ့ရာတြင္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ပါတီ၏ ဖြဲ႕စည္းပုံစည္းမ်ဥ္း ျပင္ဆင္၊ ျဖည့္စြက္မႈကိစၥရပ္မ်ား၊ ရပ္ေက်း/ ၿမိဳ႕နယ္/ ခရိုင္/ တိုင္း/ျပည္နယ္ ပါတီတို႔၏ ဖြဲ႕စည္းမႈအေျခအေနမ်ား၊ ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ ပါတီညီလာခံက်င္းပေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေဆြးႏြေးခဲ့ေၾကာင္း သိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တိုင်း/ပြည်နယ် ပါတီဥက္ကဋ္ဌ၊ ခေတ္တဥက္ကဋ္ဌများနှင့် Zoom Meeting ပြုလုပ်
============
ဩဂုတ် ၂၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၀-၈-၂၀၂၆ ရက်နေ့ နေ့လည် ၂ နာရီမှ ၅ နာရီထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ ၂ တွင် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ခေတ္တဥက္ကဋ္ဌများနှင့်ပြုလုပ်သည့် Zoom Meeting သို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ စည်းရုံးရေးဌာနကြီးမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
Zoom Meeting ပြုလုပ်ခဲ့ရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီ၏ ဖွဲ့စည်းပုံစည်းမျဥ်း ပြင်ဆင်၊ ဖြည့်စွက်မှုကိစ္စရပ်များ၊ ရပ်ကျေး/ မြို့နယ်/ ခရိုင်/ တိုင်း/ပြည်နယ် ပါတီတို့၏ ဖွဲ့စည်းမှုအခြေအနေများ၊ ဗဟိုကော်မတီအစည်းအဝေးနှင့် ပါတီညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။




