ပရီးမီးယားလိဂ္ေရာက္ ပထမဆုံးဂ်ပန္ဂိုးသမားျဖစ္လာတဲ့ ဆူဇူကီး

ပရီးမီးယားလိဂ္ေရာက္ ပထမဆုံးဂ်ပန္ဂိုးသမားျဖစ္လာတဲ့ ဆူဇူကီး
========================
အက္စတြန္ဗီလာအသင္းက ပါးမားအသင္းရဲ႕ ဂ်ပန္ဂိုးသမား ဆူဇူကီးကို ယူ႐ို(၃၅)သန္းနဲ႔ ေခၚယူလိုက္ၿပီျဖစ္ၿပီး အတည္ျပဳေၾကညာခဲ့ပါတယ္။
အက္စတြန္ဗီလာအသင္းက ဆူဇူကီးအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၃၀)နဲ႔ Add-ons ေၾကး ယူ႐ို(၅)သန္း ေပးေခ်ရမွာျဖစ္ၿပီး ၂၀၃၁ ခုႏွစ္အထိ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ေၾကာင္း သိရပါတယ္။
ပရီးမီးယားလိဂ္မွာ ဂ်ပန္ကစားသမားေတြ လာေရာက္ကစားဖူးေပမဲ့ ဂိုးသမားအေနနဲ႔ ကစားဖူးျခင္းမရွိေသးတာေၾကာင့္ ဆူဇူကီးက ပရီးမီးယားလိဂ္ေရာက္ ပထမဆုံးဂ်ပန္ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သလို အက္စတြန္ဗီလာအသင္းရဲ႕ ပထမဆုံးဂ်ပန္ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။
အက္စတြန္ဗီလာအသင္းက အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္ အသင္းက ထြက္ခြာဖြယ္ရွိေနတာေၾကာင့္ ဆူဇူကီးကို ေခၚယူခဲ့ျခင္းျဖစ္ေပမဲ့ လက္ရွိအခ်ိန္မွာ မာတီနက္ဇ္ကို ဂ်ဴဗင္တပ္စ္အသင္းက မေခၚယူေတာ့တာေၾကာင့္ မာတီနက္ဇ္ကို ေခၚယူမယ့္အသင္း ထပ္ၿပီးရွာေဖြရဖြယ္ရွိေနေၾကာင္း သိရပါတယ္။
နည္းျပ အူႏိုင္းအမ္မရီကေတာ့ ဆူဇူကီး(၂၃ ႏွစ္)ကို ပထမဦးစားေပးဂိုးသမားအျဖစ္ ေရရွည္ေနရာေပးသြားဖို ရည္႐ြယ္ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အက္စတြန္ဗီလာအသင္းဟာ ဆူဇူကီးကို ေခၚယူတဲ့ေန႔မွာပဲ အက္သလက္တီကိုအသင္းက အီတလီေနာက္ခံလူ ႐ူဂါရီ(၂၄ ႏွစ္)ကိုလည္း ယူ႐ိုသန္း(၂၀)နဲ႔ ေခၚယူၿပီး (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရပါတယ္။
ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားဖြစ်လာတဲ့ ဆူဇူကီး
========================
အက်စတွန်ဗီလာအသင်းက ပါးမားအသင်းရဲ့ ဂျပန်ဂိုးသမား ဆူဇူကီးကို ယူရို(၃၅)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး အတည်ပြုကြေညာခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းက ဆူဇူကီးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ Add-ons ကြေး ယူရို(၅)သန်း ပေးချေရမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်မှာ ဂျပန်ကစားသမားတွေ လာရောက်ကစားဖူးပေမဲ့ ဂိုးသမားအနေနဲ့ ကစားဖူးခြင်းမရှိသေးတာကြောင့် ဆူဇူကီးက ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အက်စတွန်ဗီလာအသင်းရဲ့ ပထမဆုံးဂျပန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် အသင်းက ထွက်ခွာဖွယ်ရှိနေတာကြောင့် ဆူဇူကီးကို ခေါ်ယူခဲ့ခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာ မာတီနက်ဇ်ကို ဂျူဗင်တပ်စ်အသင်းက မခေါ်ယူတော့တာကြောင့် မာတီနက်ဇ်ကို ခေါ်ယူမယ့်အသင်း ထပ်ပြီးရှာဖွေရဖွယ်ရှိနေကြောင်း သိရပါတယ်။
နည်းပြ အူနိုင်းအမ်မရီကတော့ ဆူဇူကီး(၂၃ နှစ်)ကို ပထမဦးစားပေးဂိုးသမားအဖြစ် ရေရှည်နေရာပေးသွားဖို ရည်ရွယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဆူဇူကီးကို ခေါ်ယူတဲ့နေ့မှာပဲ အက်သလက်တီကိုအသင်းက အီတလီနောက်ခံလူ ရူဂါရီ(၂၄ နှစ်)ကိုလည်း ယူရိုသန်း(၂၀)နဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။




